Chapter 17(9/10)

637 61 0
                                    

အခန်း ၁၇ ထူးဆန်းသောဖြစ်ရပ် (အပိုင်း ၉)

ကျွော့ချင်းက မှတ်တမ်းများကို လက်ညိုးထိုးပြလိုက်ပြီး "စုမူဖုန်းရဲ့ တပည့်တွေထဲမှာ ဒီမိန်းခလေးအနည်းငယ်ဘဲ အန္တရာယ် ရှိခဲ့တယ်၊ ဒါက ဒီအကြောင်းပြချက်ကြောင့် ဖြစ်နိုင်တယ်!"

ချန်ဟန့်က ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်ပြီး "အဲ့ဒါသာ တကယ်ဖြစ်နေခဲ့ရင် ဒီည သူ့ရဲ့ဦးတည်ရာက ..."

သူတို့သုံးယောက်က မှတ်တမ်းများကို ငုံ့ကြည့်နေသော ကုယွင်ကို တည့်တည့်ကြည့်လိုက်တာကြောင့် ကုယွင်က သူမခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး တောက်ပသော မျက်လုံးများကို စိတ်လှုပ်ရှားစွာ ပင့်တင်လိုက်ကာ "ငါ!"

****

"မဖြစ်နိုင်ဘူး"

စစ်သူကြီးအိမ်တော်၏ အရှေ့ဘက်ခန်းမတွင် စုလိန်းနှင့်စုယွိတို့ ထမင်းစားနေကြသည်။ ကုယွင်က စုလင်းနှင့် ဆွေးနွေးရန် အပြေးအလွှား ပြန်ရောက်လာပြီး စစ်သူကြီးအိမ်တော်၏ ညလှည့်ကင်းလှည့်သူ အရေအတွက်ကို လျှော့ချနိုင်ရန် တောင်းဆိုလာသည်။ သို့မဟုတ်ပါက စစ်သူကြီးအိမ်တော်၏ ရှုပ်ထွေးသော မြေပြင်အနေအထားနှင့် အစောင့်ကြပ်များကြောင့် လူသတ်သမား ပေါ်လာရန် ခက်ခဲပေလိမ့်မည်၊၊ ဒါပေမယ့် သူမ စကားမဆုံးခင် စုလင်းရဲ့ အေးစက်မာကျောတဲ့အသံကြီး ထွက်လာပြီး သူမကို ငြင်းပယ်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ?

"ဘာလို့လဲ" ကုယွင်က မျက်မှောင်ကြုတ်ပြီး "ပွဲတော်က တစ်လအတွင်း စတော့မယ်လို့ ကျွန်မ ကြားတယ်။ ဧကရာဇ်ကလည်း ဒီအမှုကို အမြန်ဆုံး ဖြေရှင်းဖို့ မျှော်လင့်နေတယ်။ အခု လူသတ်သမားကို ဖမ်းဖို့ အခွင့်အလမ်းရှိနေပြီလေ၊ ရှင်က ဘာလို့ မပူးပေါင်းချင်ရတာလဲ? လူသတ်တာကို မဖမ်းချင်ဘူးလား"

"စစ်သူကြီးအိမ်တော်မှာ အိမ်တော်ရဲ့စည်းမျဥ်းစည်းကမ်းတွေ ရှိတယ်" နှလုံးအခိုးခံရတဲ့ ဖြစ်ရပ်တွေကို သူလည်း ကြားတယ်။ လူသတ်တဲ့ နည်းလမ်းတွေထဲမှာ နှလုံးကို ဖြတ်တောက်ပြီး သွေးထွက်လွန်စေတာက အရမ်းရက်စက်လွန်းပြီး လူသတ်သမားက သွေးအေးလွန်းမှန်း သိသာနေတယ်။ အခု မြို့တော်က လူတွေအကုန်လုံး ထိတ်လန့်နေကြပြီ။ ဂုဏ်သိက္ခာရှိတဲ့ အဆင့်မြင့်မိသားစုထဲက အမျိုးသမီးတွေအားလုံး သေမှာ ကြောက်နေကြပေမယ့် သူမကတော့ သူတစ်ပါးအတွက် ငါးစာ လုပ်ချင်နေတယ်! သူမက ငတုံးပဲ! ရှန်ယုလန်ကလည်း အဲ့လိုတွေလုပ်ရတဲ့အထိ အရည်အချင်းမရှိတော့ဘူးလား?

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now