Chapter 39.2

698 86 3
                                    

အခန်း ၃၉- စစ်ရေးဗျူဟာမှူး (အပိုင်း ၂)

သူ့လက်ထဲတွင် အရက်ခွက်ကို ကိုင်ဆောင်ထားသော ယန်းဟုန်ထျန်း၏မျက်လုံးများက တဖြည်းဖြည်း ရန်လိုရိပ်များသန်းလာသော စုလင်းနှင့် ခေါင်းကို အနည်းငယ် ငုံ့နေသော ချင်းမော့ကိုသာ စူးစူးစိုက်စိုက် လှမ်းကြည့်နေသည်။ လို့ရှီးယန်နှင့် ကျွော့ချင်းတို့ကလည်း သူတို့ကို တစေ့တစောင်း ကြည့်နေကာ အကဲခတ်နေကြသည်။

လူတစ်စုကြားတွင် သိသိသာသာ ပြောင်းလဲသွားသော အမူအရာများကို ဖော်ပြလာသူက ဧကရီ၏ဘေးနားတွင် ရှိနေသော ချင်းဖုန့်သာ ဖြစ်သည်။ သူမ၏ညီမငယ်လေးက ငယ်စဥ်ကတည်းက နူးညံသိမ်မွေ့စွာ နေထိုင်ခဲ့ပြီး ပျော့ညံ့သူလေး ဖြစ်သည်။ စစ်တပ်နှင့်အတူ စစ်ချီရသောခရီးကို သူမ မည်သို့မျှ သည်းခံနိုင်မည် မဟုတ်ပေ။ ဧကရီဆီမှ ရုတ်တရတ် ထွက်လာသည့် ထိုသို့သောစကားများတွင် မကောင်းသော အကြံများ ပါဝင်နေနိုင်သည်။

တော်ဝင်ပန်းဥယျာဉ်က လူသူကင်းမဲ့နေသကဲ့သို့ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ လို့စုရှင်းက "ရယ်စရာကောင်းလိုက်တာ၊ ဧကရီက တကယ်ကို ရယ်စရာ ပြောတက်တာလဲ၊ မိန်းခလေးက စစ်တပ်နဲ့အတူ ဘယ်လို စစ်ထွက်တိုက်နိုင်မှာလဲ?!"

ရှင်းယွဲ့နဥ်က ထိုနေရာတွင် ရပ်တန့်နေရမည့်အစား သူမ၏ ကနဦးမှတ်ချက်ကို နှစ်ဆတိုးလိုက်သည်။ "မယ်တော်၊ အရှင်မင်းမြတ်က စစ်သူကြီးစုနဲ့ ချင်းသခင်မလေးကို လက်ထပ်ပေးဖို့ ကတိပေးထားပြီးပြီ၊ စစ်သူကြီးရဲ့ဇနီးက ရန်သူကို ချေမှုန်းဖို့ စစ်တပ်နဲ့ အတူတူ လိုက်သွားရင် အဲ့တာက ဒဏ္ဍာရီဆန်တဲ့ အကြောင်းလေးတစ်ခု ဖြစ်လာမှာ သေချာပါတယ်"

ထိုစကားများ ထွက်ပေါ်လာသောအခါ ဧည့်ခံပွဲသို့ ရောက်ရှိလာသော အရာရှိများအားလုံးက တိတ်တဆိတ် အံ့အားသင့်သွားကြသည်။ လို့စုရှင်းက ယန်းဟုန်ထျန်းကို တိုက်ရိုက်ကြည့်ကာ "အရှင်မင်းကြီး၊ ထိမ်းမြားလက်ထပ်ခြင်းကိစ္စက ဘယ်လိုရှိလာတာလဲ?"

စုလင်းက ကြီးမားတဲ့ စစ်အာဏာကို ဆုပ်ကိုင်ထားတဲ့ စစ်သနာပတိချုပ်ပါ။ သူနဲ့ ထိမ်းမြားလက်ထပ်ဖို့အတွက် တော်ဝင်မျိုးနွယ်က မင်းသမီးတွေ ဒါမှမဟုတ် နယ်စားကြီးတွေရဲ့သမီးတော်တွေကို ပေးအပ်သင့်တာ မဟုတ်ဘူးလား? ဘယ်ကနေ ဘယ်လို တိုင်းတပါးက မိန်းမတစ်ယောက်ရဲ့ အလှည့်ကို ရောက်သွားရတာတုန်း?

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now