Chapter 11 (3,4)

965 105 0
                                    

အခန်း ၁၁ လူမဆန်တဲ့ လေ့ကျင့်ရေး (အပိုင်း ၃)

ကုယွင်အတွက်ကတော့ သူတို့ရဲ့ အမူအရာတွေကို ခွဲခြမ်းစိတ်ဖြာနေဖို့တောင် မလိုဘဲ သူတို့ရဲ့ အတွေးတွေကို မြင်ပြီးပါပြီ။ ဒါပေမယ့် သူမက ဆက်ပြီးပြုံးနေတုန်းပါပဲ...

ကုယွင်က "ဒီထဲမှာ တစ်ရှီးချန်စာ လမ်းလျှောက်တာက ပုံမှန်အခြေအနေမှာ သုံးရှီးချန်ပြေးတာနဲ့ တူနေလိမ့်မယ်၊ အဲ့တော့ သက်လုံကောင်းဖို့လိုတယ်၊ ပြီးတော့ သစ်ပင်တွေနဲ့ ချုံတွေက အရိုင်းမျိုးတွေကြီးပဲ၊ အဲ့တာအပြင် မြေသားက စိုစွတ်ပြီး လမ်းတွေကချော်နေတယ်။ နေရာတိုင်းတွင်မှာ အဆိပ်ရှိတဲ့ အင်းဆက်တွေ၊ မြွေတွေနဲ့ ကျိုင်းကောင်တွေ ရှိနိုင်တယ်၊ အဲ့တာတွေကိုမဖြစ်မနေ သတိထားရမယ်၊ အပြင်မှာ တစ်နေ့ လီတစ်ရာလမ်းလျှောက်နိုင်ရင်တောင် မိုးသစ်တောထဲမှာ ဆယ်လီပဲလျှောက်နိုင်လိမ့်မယ်"

ဆယ်လီ? မဖြစ်နိုင်ဘူး၊ ဒီနေရာက တောအုပ်တစ်ခုပဲလေ... သူတို့က ငါးလီ လမ်းလျှောက်ဖို့ တစ်ရှီးချန်ပဲ ကြာတယ်၊ တစ်နေ့မှာ ဆယ်လီပဲ လမ်းလျှောက်နိုင်ဖို့က ဖြစ်နိုင်ပါ့မလား??

ဒီမှာရှိနေတဲ့ လူအများစုက ဒီမိန်းခလေးရဲ့လုပ်ရပ်တွေကို ကြားဖူးကြတယ်၊ အဲ့တာကြောင့် သူတို့ စိတ်ထဲမှာတော့ နည်းနည်းလောက် စပ်စုချင်နေကြတယ်။ ဒါပေမယ့် ဒီနေ့ သူမကို တွေ့လိုက်ရတော့ နဲနဲတော့ ကွဲပြားနေပုံပဲ...

သူတို့ နားထောင်သည်ဖြစ်စေ နားမထောင်သည်ဖြစ်စေ ကုယွင်က ပုံမှန်အတိုင်း ဆက်ပြောနေသည်။ "မင်းတို့ ဒီတောထဲကို ဝင်ရတဲ့ ရည်ရွယ်ချက်က သူပုန်တွေရဲ့စခန်းကို ရှာဖို့ပဲ။ ဒီမိုးသစ်တောက အရမ်းကျယ်တယ်၊ အဲ့တာကြောင့် မင်းတို့ ဝင်သွားပြီးရင် ရှစ်ရက်ကနေ ဆယ်ရက်အထိ ဒီထဲမှာ နေနိုင်အောင် စိတ်ကို ပြင်ဆင်ထားရမယ်။ မီးမမွေးနိုင်ရင် ဒုက္ခအကြီးအကျယ်ရောက်မယ်။ မီး မရှိရင် ညဘက်တွေမှာ အဆင်မပြေနိုင်သလို ပူပူနွေးနွေး ထမင်းလည်း မစားနိုင်တော့ဘူး။ ထားပါတော့... အစားအသောက်က အသေးအမွှားလေးပါ။ အရေးကြီးဆုံးကတော့ မင်းတို့ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေက မခြောက်နိုင်တော့ဘဲ ရေရှည်စိုစွတ်နေမယ်၊ စိုစွတ်နေတဲ့ ပတ်ဝန်းကျင်ကြောင့် ခြေဖဝါးတွေမှာ အနာတွေဖြစ်လာမယ်။ ဒီတောအုပ်က သေမင်းနဲ့ မဝေးဘူးလို့ ပြောနိုင်တယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now