အခန်း ၂၅ အော်ထျန်း၏ဘဝအတွေ့အကြုံ (အပိုင်း ၂)
"တော်လောက်ပြီ!" တိရိစ္ဆာန်တစ်ကောင် ချောင်ပိတ်ရိုက်ခံလိုက်ရသလိုမျိုး နာနာကြည်းကြည်း အော်ဟစ်လိုက်သော အော်ထျန်း၏အသံက တိတ်ဆိတ်နေသောတောင်ထိပ်တွင် ပဲ့တင်ထပ်နေခဲ့သည်။ ကုယွင်က သူမဘေးနားမှ ခန္ဓာကိုယ်မှ ကြွက်သားရှိသမျှအကုန် တုန်လှုပ်နေပုံရသော အော်ထျန်းကို ကြည့်လိုက်ပြီး သူမနှလုံးသားမှ ခါးသီးသော ဝမ်းနည်းမှုများနှင့် သည်းမခံနိုင်သော နာကျင်မှုများ တိုးထွက်လာသည်။
အော်ထျန်းအတွက်တော့ တစ်ယောက်က ချစ်ရသူဖြစ်ပြီး နောက်တစ်ယောက်က ဆွေမျိုးရင်းချာပါ။ ဤရွေးချယ်မှုက မည်သူ့ကိုမဆို ရူးသွပ်သွားစေလိမ့်မည်။ အော်ကျိကတော့ ယုတ်ညံသော ကြည်နူးမှုကို ခံစားနေရသည်။ သူက အော်ထျန်းကို ဆုံးဖြတ်ချက်တစ်ခုချရန် တောင်းဆိုဖို့ အလျင်စလို ဖြစ်မနေချေ။ ဤညှဉ်းပန်းနှိပ်စက်မှုမျိုးက ကြာရှည်ခံစားရသင့်သည်ဟုသာ သူ တွေးနေခဲ့သည်။ သူ၏အနီရင့်ရောင်နှုတ်ခမ်းလွှာများတွင် ဆိုးညစ်ပြီး ထူးဆန်းသော လှိုင်းတွန့်များ ထွက်ပေါ်လာပြီး သူ၏ အက်ရှရှအသံကို ချစ်စဖွယ်ဖြစ်အောင် ဖျစ်ညစ်ပြောဆိုနေပြန်သည်။
"ငါက ဦးလေးတစ်ယောက်အနေနဲ့ မင်းကို ဝမ်းနည်းအောင် လုပ်တယ်လို့တော့ မပြောနဲ့နော်၊ ငါက မင်း ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်ဖို့ အချိန်ပေးနိုင်ပါတယ်။ ဒီည ဇီရှီ(ည၁၁နာရီ- မနက်၁ နာရီ)အထိ စောင့်နေပေးမယ်။ သူ့(မ)အသက်လား? ဒါမှမဟုတ် ယဲ့မိန်ရဲ့အသက်လား? ဘာပဲဖြစ်ဖြစ် ရွေးချယ်မှုက မင်းရဲ့အဆုံးအဖြတ်ပေါ် မူတည်တယ်"
ဒီလူက တကယ်ကို ယုတ်မာတယ်! ကုယွင်က ပင့်လျန်ကို ဆွဲထုတ်ချင်နေပြီ ဖြစ်သည်။
ငါ ဒီလူကို အရှင်လတ်လတ် ဖမ်းလိုက်မယ်၊ အဲ့တာဆိုရင် သူ ဒီလောက် မာနကြီးနေနိုင်ဦးမလား ကြည့်ကြသေးတာပေါ့...
အော်ကျိက ကုယွင် တွေးနေတာကို ရိပ်မိနေပုံရကာ သူ့၏အေးစက်သောမျက်လုံးများက ကုယွင်ကို စိုက်ကြည့်နေပြီး "အင်း... ငါက ဇီရှီ မရောက်ခင်အထိ ယဲ့မိန်ကို သွားထပ်တွေ့မှာ မဟုတ်ဘူး၊ ဒါပေမယ့် ငါ အမိန့်ပေးထားခဲ့ပြီးပြီ၊ တကယ်လို့ ချောင်ရှီမှာမှ ငါ ပြန်မရောက်သေးရင် သူ့(မ)ရဲ့လက်တစ်ဖက်ကို ဖြတ်ပြီး ယင်ရှီမှာမှ ပြန်မရောက်ရင် သူ့(မ)ရဲ့ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်ဖို့လေ၊ အော်ထျန်း.... မင်း ဖြည်းဖြည်းစဉ်းစားနော်... အလျင်လို မလုပ်နဲ့ ဟား ဟား...ဟား ဟား!"
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"