Chapter 39.3

890 100 2
                                    

အခန်း ၃၉- စစ်ရေးဗျူဟာမှူး (အပိုင်း ၃)

သေးငယ်သော ပုံရိပ်လေးက စုလင်း၏ဘေးတွင် ရပ်နေသောကြောင့် ပို၍ ပို၍ နုနယ်ပုံပေါက်နေသည်။ သူမ၏မျက်နှာသေးသေးလေးပေါ်ရှိ အမာရွတ်နှစ်ခုက သူမကို ရက်စက်ပြီး ကြောက်စရာကောင်းနေပုံ မပေါ်စေရုံသာမဘဲ သူမကို ပိုပြီး သနားစရာကောင်းနေစေသည်။ ဧကရီက ထိုကဲ့သို့သော မိန်းခလေးငယ်တစ်ဦးကို သန်မာထွားကျိုင်းသော သက်‌တော်စောင့်ရှစ်ယောက်နှင့် တိုက်ခိုက်ခွင့်ပေးခြင်းက ရက်စက်လွန်းလှသည်။ ထိုကဲ့သို့သော ရန်ပွဲမျိုးက မောင်းမဆောင်မှ အမျိုးသမီးများကြားတွင် ဖြစ်လေ့ဖြစ်ထရှိသော စံနမူနာ ဖြစ်သော်လည်း တစ်စုံတစ်ယောက်၏ ညီမကို သတ်ရန်ကြံစည်ခြင်းက လွန်လွန်းလှသည်။

လို့စုရှင်းက ကုယွင်၏ ပိန်ပိန်ပါးပါး ပုံစံလေးကို မြင်ပြီးနောက်တွင် သူမက သန်မာသော လူရှစ်ယောက်၏ပြိုင်ဘက် မဖြစ်နိုင်ဟု ဆုံးဖြတ်လိုက်သည်။ သူမက ပြိုင်ပွဲကို ဖျက်သိမ်းရန် ပြောတော့မည် ဖြစ်သော်လည်း အားနည်းတစ်ယောက်တွင် ပေါ်မလာသင့်သော ခိုင်မာသော အကြည့်များကြောင့် သူမ စကားကို ရပ်တန့်သွားလိုက်သည်။ ပိန်ပိန်ပါးပါး အမျိုးသမီးလေး၏ခန္ဓာကိုယ်တွင် အမှန်တကယ် မရှိနေသင့်သောအရာတစ်ခုကို သူမ အမှတ်တမဲ့ လှမ်းမြင်လိုက်ရသည်။ ခိုင်မြဲသောမျက်လုံးတစ်စုံက တခြားသူ၏စိတ်ဝိညာဉ်ထဲသို့ တည့်တည့် စိုက်ကြည့်နေသလို ဖြစ်နေသည်။ လူများက သူမ၏အလိုကို လိုက်လျောစေချင်လာလောက်အောင် ဖိအားပေးနိုင်သည့် ဟန်ပန်အမူအရာက လက်ဖျားခါရလောက်အောင် ဖြစ်နေပြီး လူအများကို နှလုံးသားထဲမှ ကြောက်လန့်သွားစေနိုင်သည်။ မိန်းမငယ်လေးတစ်ဦးတွင် ထိုကဲ့သို့သော အကြည့်မျိုး ရှိမနေသင့်ပေ။

ကုယွင်၏ မျက်လုံးများက သူမကို အဝေးမှ စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသော လူရှစ်ဦးကို ကြည့်နေပြီး သူမ၏ပါးစပ်ထောင့်တွင် ရွဲ့စောင်းသော သရော်ပြုံးတစ်ခု ပေါ်လာသည်။ သူမက ပင်မထိုင်ခုံပေါ်မှ လူများကို ကွဲပြားသော အမူအရာဖြင့် ထပ်ကြည့်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောနေရင်း ပြောလိုက်သည်။ "ကျွန်တော်မျိုးမရဲ့ဒုတိယအစ်မ ပြောသလိုပါပဲ၊ ချင်းမော့က ဘယ်ဆရာနဲ့မှ မလေ့ကျင့်ဖူးပါဘူး၊ အဖေ လုပ်သလို နောက်က လိုက်လုပ်ပြီး ဥယျာဥ်ထဲက ပန်းပွင့်တွေကို ထိုးနှက် ကန်ကျောက်တာမျိုးပဲ လုပ်ဖူးတာပါ၊ နောက်ဆုံးအကြိမ်က ကောင်းလူကြီးမင်းကို ကယ်တင်နိုင်တာက စုမိသားစုကို ရောက်မှ စစ်မိသားစုက ကျွန်တော်မျိုးမကို ကောင်းကောင်းလေ့ကျင့်ပေးခဲ့လို့ပါ၊ စစ်သေနာပတိချုပ်က ကျွန်တော်မျိုးမကို ကောင်းမွန်တဲ့ လမ်းညွှန်မှုတွေ ပေးခဲ့တယ်၊ ယောက်ျားတွေထက် သာလွန်တဲ့ မိန်းခလေးဆိုတဲ့ စကားကတော့ ဘယ်တော့မှ အမှန်လို့ မယူဆသင့်ပါဘူး"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now