Chapter 23.2

1K 81 1
                                    

အခန်း ၂၃ အော်ထျန်းထောင်ကျနေတယ် (အပိုင်း ၂)

ဆောင်းဦး၏ နံနက်စောစောတွင် အေးမြသော ဆောင်းဦးလေက သစ်ပင်ပေါ်မှ သစ်ကိုင်းများဆီသို့ တိုးဝင် တိုက်ခတ်နေပြီး ညှိုးနွမ်းနေသော အဝါရောင်အရွက်အချို့ကို တဖြည်းဖြည်း ကြွေကျစေကာ ဆောင်းဦးရာသီသို့ ရောက်ရှိလာပြီဖြစ်ခြင်း အချက်ပြနေသည်။ ကြီးမားသော သစ်ပင်ကြီးတစ်ပင်အောက်တွင် ရိုးရိုးအ၀တ်အစားများကိုသာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက မြေပြင်ပေါ်တွင် ရှိနေပြီး နွေဦးရာသီနှင့် ဆောင်းဦးရာသီတို့၏ အလှအပနှင့် လွမ်းဆွတ်ကြည်နူးဖွယ်များက ဤနေရာနှင့် မည်သို့မျှ မသက်ဆိုင်ပုံပေါ်နေသည်။ သူမ၏ လေးလံသော အသက်ရှုသံများနှင့်အတူ သူမ၏ခန္ဓာကိုယ်က အထက်အောက် မြင့်တက်နေပြီး သူမနဖူးပေါ်မှ ချွေးပုတီးလေးများက မြေမြင်ပေါ်အထိ ကျဆင်းနေပုံရသည်။

နှစ်ရာကိုးဆယ့်ကိုး...သုံးရာ....

နောက်ဆုံး ထိုင်ထလေ့ကျင့်ခန်းအပြီးတွင် ကုယွင်က မြေပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး သူမ၏ဒူးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ကာ အသက်ပြင်းပြင်းရှူနေလိုက်သည်။ မနေ့ညက အော်ထျန်းရဲ့အမှုကို ပြန်တွေးပြီး သူမ အိပ်မပျော်ဘူး။ အရင်က ကျူးလွန်ခံခဲ့ရတဲ့သူတွေရဲ့ ဝန်ခံချက်တွေကလည်း လက်တွေမှာ အသုံးမဝင်နိုင်ဘူး၊ အထူးသဖြင့် မုဒိမ်းမှုတွေကို မှတ်တမ်းတင်ထားတဲ့ ကိစ္စတွေက တော်တော်ဆိုးနေတယ်၊ နစ်နာသူတွေက မိန်းခလေးငယ်ငယ်လေးတွေ ဖြစ်နေတာကြောင့် အစိုးရအရာရှိတွေက မေးမြန်းဖို့ မဝံ့မရဲ ဖြစ်နေပုံပါပဲ။ သူမကိုယ်တိုင် နစ်နာသူတွေကို သွားရှာပြီး ဖြစ်ပျက်ခဲ့တာတွေကို မေးမြန်းရင် ကောင်းမလား? မနေ့ညက အမှုအတွက် အလောင်းစစ်ဆေးတဲ့ အစီရင်ခံစာကလည်း မရသေးဘူး၊ လူသတ်သမားက မနေ့ညက ရာဇ၀တ်မှုကို အလျင်စလို ကျူးလွန်သွားတယ်လို့ သူမ ခံစားနေရတယ်၊ အရင်အမှုတွေလို လူမရှိတဲ့ နေရာကို မရွေးချယ်ဘဲ လူများတဲ့ နေရာကို ‌ရွေးချယ်သွားတယ်။

အဲ့ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား ဒါမှမဟုတ်... တစ်ခုခု လွဲချော်သွားလို့ စိတ်ပျက်လက်ပျက်နဲ့ ကြုံရာကျပမ်း လုပ်ခဲ့တာလား?

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now