အခန်း ၃၅- လက်နက်အပြည့်အစုံ (အပိုင်း ၂)
လူငယ်တစ်ဦးက အိမ်ထဲသို့ အပြေးအလွှား ရောက်ရှိလာပြီး သူက ခြံဝင်းကို တိတ်တဆိတ် လှည့်ပတ်ကြည့်လိုက်ကာ အံ့သြနေသောနှလုံးသားဖြင့် ဤနေရာကို လျှို့ဝှက်စွာ စူးစမ်းနေလေသည်။ ဤယဲ့ထျန်းခြံဝင်းက တကယ်ကို မှော်ဆန်သော နေရာတစ်ခုဖြစ်သည်။ ၎င်းက ပထမဆုံး အေးခဲပြီး အလျင်မြန်ဆုံး အရည်ပြန်ပျော်သော နေရာဖြစ်သည်။ စုလင်းက ထိုနေရာတွင် ရှိနေသည်ကို မြင်တော့ သူက ချက်ချင်း မတ်မတ်ရပ်လိုက်ကာ "စစ်သူကြီး" ဟု အော်ဟစ်နူတ်ဆက်လိုက်သည်။
စစ်သည်ငယ်လေး၏ တစ်ကိုယ်လုံး တင်းမာသွားသည်ကို ကြည့်နေရင်း ကုယွင်က ရယ်မောလိုက်ကာ "ဘာကိစ္စရှိလို့လဲ? ငါ့ကို ပြောပြပေးနိုင်မလား?"
"လို့သခင်မက ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကို ခေါ်လာပြီး သခင်မလေးကို တွေ့ချင်တယ်လို့ ပြောပါတယ်"
ချင်း ရောက်လာတာလား? ကုယွင်က စိတ်လှုပ်ရှားစွာဖြင့် "သူတို့ ဘယ်မှာလဲ?"
စစ်သည်ငယ်လေးက စုလင်းကို တိတ်တဆိတ် ကြည့်ကာ တုံ့ဆိုင်းသွားသော်လည်း "အခု အရှေ့ခြံဝင်းက ရေခဲတွေ အရည်ပျော်နေပြီ စိုစွတ်နေတာကြောင့် အစောင့်တပ်သားတွေက ခြံရှေ့မှာပဲ စောင့်ခိုင်းထားရပါတယ်"
လက်ရှိအချိန်တွင် စစ်သူကြီးက စစ်သူကြီးအိမ်တော်ထဲသို့ မည်သူကိုမျှ ဝင်ခွင့်မပေးဟု အမိန့်ပေးထားပြီး ရောက်လာသူက လို့ဝန်ကြီးချုပ်၏ဇနီးဖြစ်သော ချင်းသခင်မလေး၏ အစ်မဖြစ်နေသည်။
ကုယွင်က ခေါင်းညိတ်ပြလိုက်ပြီး "ငါ သိပြီ၊ ငါ ခုချက်ချင်း ထွက်လာခဲ့မယ်"
စစ်သူကြီးအိမ်တော်ကြီးက ဤကဲ့သို့ဖြစ်ပြီး အခြားသူများကို မည်သို့ ရှင်းပြရမည်ကို သူမလည်း တကယ် မသိတော့ပေ။ ကုယွင်က မတ်တပ်ထရပ်လိုက်ရာ စုလင်းက ရုတ်တရက် ပြောလိုက်သည်။ "ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်"
အဲ့ဒိ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က အော်ထျန်းနဲ့ ယဲ့မိန် ဖြစ်နိုင်တယ်။ ကူကယ်ရာမဲ့ အခြေအနေကြောင့် အော်ထျန်းက ကုယွင်ကို ဓားနဲ့ထိုးခဲ့ရတာကို သူ သိပေမယ့် စုလင်းက သူ့ကို ခွင့်မလွှတ်နိုင်သေးဘူး။ ပြီးတော့ အော်ထျန်းက ကျုလင်ကျွန်းက လူဖြစ်နေတာကြောင့် ယွင့်ကို သူနဲ့ မနီးစပ်စေချင်ဘူး။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"