Chapter 24.1

716 72 0
                                    

အခန်း၂၄ အကြောင်းပြချက်မရှိဘူး (အပိုင်း ၁)

ယုဟန်တန့်က ကြောက်လန့်တကြားဖြင့် သူမ၏ရင်ဘတ်ကို ပြန်ဖိထားပြီး အသက်တောင် ကျယ်ကျယ် မရှူဝံ့တော့ပါဘူး။ စုရန်ကလည်း တံတွေးတစ်လုတ်ကို တိတ်တဆိတ် မျိုချလိုက်ပြီး ကျောပြင်မှာ ချွေးတွေ အများကြီး စီးကျလာတဲ့အထိ ကြောက်ရွံ့နေခဲ့သည်။ သူက စစ်မြေပြင်မှာ ချီရွှယ်ရဲ့စွမ်းအားကို မကြာခဏ မြင်တွေ့ခဲ့ရပြီး ဒီနေ့မှာ‌တော့ နံရံပေါ်မှာ အမြဲချိတ်ဆွဲခံထားရတဲ့ ပင်းလျန့်မှာလည်း ဒီလို စွမ်းအားမျိုးတွေ ရှိနေတာကို သူ သိလိုက်ရသည်။ စုရန်က မျက်ခုံးပင့်လိုက်သည်။ နောက်ဆုံးအကြိမ် ချီရွှယ်နဲ့ ပင်းလျန့်ရဲ့တိုက်ပွဲတုန်းက လင်းယွင်ခြံဝင်းကို မူလအခြေအနေသို့ ပြန်ရောက်ဖို့ တစ်လကျော်ကြာအောင် ပြုပြင်ခဲ့ရတယ်။ ဒီနေ့ ဒီလူသုံးယောက်သာ ဒီနေရာမှာ တိုက်ခိုက်ကြရင် ယဲ့ထျန်းခြံဝင်းကို အသစ် ပြန်တည်ဆောက်ရလိမ့်မယ်။

အော်ထျန်းနှင့် စုလင်းတို့က ကုယွင်၏တစ်ဖက်စီတွင် ရပ်နေကြသော်လည်း အလျှော့ပေးမည့်ပုံ မပေါ်သေးဘဲ နှစ်ယောက်စလုံးက သူ့တို့၏အရှိန်ကို အရင် ရပ်တန့်ရန် ငြင်းဆန်နေကြသည်။ သူ့တို့လက်ထဲတွင် ရှိနေသော ဓားရှည်များက သူတို့ သေသည်အထိ တိုက်ပွဲဝင်ပြီး ဘယ်တော့မှ ရပ်တန့်မည် မဟုတ်ကြောင်း ညွှန်ပြနေသည်။ သူတို့နှစ်ဦးအနက်မှ တစ်ဦးသေဆုံးမှာသာ စွန့်လွှတ်မည် ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

ကုယွင်က စိတ်ဆိုးလွန်းလို့ သူမလက်ထဲမှ ဓားရှည်ကို သူမခြေရင်းမှ မြက်ခင်းပေါ် ထိုးစိုက်လိုက်ပြီး လက်ပိုက်ကာ အေးစက်စွာ ပြောလိုက်သည်။ "ရှင်တို့နှစ်ယောက် တိုက်ခိုက်ရတာကို အရမ်းကြိုက်နေတယ်ပေါ့၊ အဲ့တာဆိုရင် ဘာလို့ ကျွန်မနဲ့ မတိုက်ကြတာလဲ၊ ရှင်တို့ ကျွန်မကို အသေသတ်ပြီးမှ ဆက်တိုက်ကြ၊ ရှင်တို့ထဲက ဘယ်သူသေသေ ဘယ်သူကမှ ဂရုစိုက်နေမှာ မဟုတ်ဘူး" ကုယွင်၏ အေးစက်သော အသံမှ ဒေါသများက ယခင်ကလောက် မပြင်းထန်သော်လည်း လူနှစ်ယောက်ကို တပြိုင်တည်း အံ့အားသင့်စေခဲ့သည်။

"ဘယ်သူ အရင်လာမှာလဲ" ကုယွင်က အော်ထျန်းကို ကြည့်လိုက်ပြီး စုလင်းကို ကြည့်လိုက်ရာ နှစ်ယောက်စလုံးက အဝေးကို လှမ်းကြည့်နေကြသည်။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် အော်ထျန်းက သူ့လက်ထဲတွင်ရှိသော ဓားရှည်ကို ချရန် ရွေးချယ်လိုက်သည်။ ကုယွင်က သက်ပြင်းတစ်ချက်ချကာ သူ့ဆီသို့ လှမ်းသွားလိုက်ပြီး "ရှင် ဒီကို ဘာလာလုပ်တာလဲ?"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now