အခန်း ၂၅ အော်ထျန်း၏ဘဝအတွေ့အကြုံ (အပိုင်း ၁)
ကုယွင်က စာဖတ်ခန်းမှ ထွက်လာပြီး တရားစီရင်ရေးဌာန၏အကျဉ်းထောင်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ သူမက အချုပ်ခန်းဆီသို့ ပြေးလာနေရင်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်မိသည်။
ဒီနေရာမှာ အစောင့်အကြပ်တွေ မရှိဘူးလား?
သေပြီပဲ! ကုယွင်က တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး အကျဥ်းထောင်ထဲသို့ ပြေးဝင်လိုက်ရာ သူမ မမြင်ချင်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ အကျဥ်းထောင်၏စင်္ကြန်လမ်းတစ်လျှောက်တွင် အစောင့်ပေါင်း တစ်ဒါဇင်ကျော် ဖရိုဖရဲ လဲကျနေပြီး အရိပ်မည်းတစ်ခုက နောက်ဆုံးအစောင့်တစ်ယောက်ကို ဖြတ်ကျော်ကာ အကျဥ်းထောင်စင်္ကြန်ကို ဖြတ်သန်းနေသည်။
"ရှင် ဘယ်သွားမလို့လဲ" တိတ်ဆိတ်သော အကျဥ်းထောင်၏ နံနက်စောစောတွင် ထွက်ပေါ်လာသော ကုယွင်၏အေးစက်သောအသံက အနက်ရောင်အရိပ်မည်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ကုယွင်က တံခါးကို ပိတ်ဆို့ထားသည်ကို မြင်လိုက်တာကြောင့် အော်ထျန်း၏မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်။
ကုယွင်၏မျက်လုံးများက မြေပြင်ပေါ်တွင် လဲကျနေသော အကျဥ်းထောင်အစောင့်များကို စိုက်ကြည့်နေသည်။ သူတို့၏ ရင်ဘတ်များက အနည်းငယ် မောက်တက်ပြီး ပြန်ကျသွားသည်မှာ သူတို့ အသက်ရှင်နေသေးသည်ဟု ဆိုလိုသောကြောင့် ကုယွင်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ အော်ထျန်းက အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ပစ်တဲ့လူမျိုးတော့ မဟုတ်ပါဘူး၊ ကုယွင်က သူမနှင့် ပို၍ နီးကပ်လာနေသော အော်ထျန်းကို စိုက်ကြည့်ကာ ဒေါသတကြီးဖြင့် "ရှင် တကြိမ် ထွက်ပြေးပြီးပြီမလား? တစ်ခါ အလိမ်ခံရတာ မလုံလောက်သေးလို့လား?"
နောက်ဆုံးအကြိမ်က လူသတ်သမားက အော်ထျန်းကို ဘယ်လိုနည်းလမ်းနဲ့ ဆွဲဆောင်ခဲ့တယ်ဆိုတာ သူမ မသိပေမယ့် ရှောင်ယွီက သေဆုံးခဲ့ရပြီး အခုအချိန်မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်နေတာကြောင့် တကယ်လို့ သူသာ ဒီတစ်ကြိမ် အပြင်ထွက်သွားရင် လူသတ်သမားက သူ့ကို နောက်တစ်ခေါက် ပြန်လာဖို့ သေချာပေါက် အခွင့်အရေး ပေးမှာ မဟုတ်တော့ပါဘူး။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"