Chapter 18.9/18.10/18.11

642 66 0
                                    

အခန်း ၁၈ အော်ထျန်း၏ရှုပ်ထွေးမှုများ (အပိုင်း ၉)

ကြိုတင်ပြင်ဆင်ထားတာကြောင့် ကုယွင်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး အပြုံးတစ်ဝက်ဖြင့် "စစ်သူကြီးစု ပြောချင်တာက အဲ့ဒါလား? အဲ့တာဆိုရင် ကျွန်မကလည်း ကျွန်မကိုယ်ကျွန်မ ခုခံကာကွယ်ရမယ်၊ အရင်ဆုံး စစ်တပ်အမိန့်အကြောင်း ပြောကြရအောင်၊ အဲဒါက စစ်အမိန့်လို့ ကျွန်မ မပြောခဲ့ဘူး၊ ရှင့်ရဲ့ရည်ရွယ်ချက်ကိုပဲ သူတို့ကို ပြောပြခဲ့တာ။ သူတို့က ရှင်ပြောတဲ့စကားကို စစ်မိန့်လို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အဲ့တာက သူတို့ ရှင့်ကို ဘယ်လောက်လေးစားတယ်ဆိုတာ ပြသနေတယ်။ အဲ့တာကြောင့် ရှင် ပျော်သင့်တယ်။ နောက်ပြီး မဟုတ်မမှန်တဲ့ ကောလဟာလဆိုတဲ့ အကြောင်း ပြောကြရအောင်။ ရှင် အခု အိမ်ထောင်မပြုရသေးဘူး၊ ဒါပေမယ့် နောင်တစ်ချိန်မှာ လက်ထပ်ရမယ်ဆိုတာ သေချာတယ်။ ကျွန်မက ရှင့်ရဲ့ဇနီးမယား မဟုတ်ဘူး၊ ကျွန်မကို 'သခင်မ'လို့ခေါ်တာကို ရှင် အမြဲကန့်ကွက်ခဲ့တယ်။ ကျွန်မက အဲ့တာကို ပြောပြရုံလေးပဲလေ၊ ဘယ်လိုလုပ် အချက်အလက်ကို အတုလုပ်တာ ဖြစ်မှာလဲ၊ ဒါမှမဟုတ် စစ်သူကြီးစုက ကျွန်မကို 'သခင်မ'လို့ ခေါ်စေချင်တာလား?"

ဤနောက်ဆုံးစာကြောင်းက စုလင်းအတွက် ဟုတ်တယ် မဟုတ်ဘူး ပြန်မပြောနိုင်လောက်အောင် နာကျင်ခံစားရစေပြီး ခါးခါးသီးသီး ပြန်ဖြေလိုက်သည်။ "မင်းက အဓိပ္ပါယ်မရှိတဲ့ စကားလုံးတွေကို ခိုင်ခိုင်မာမာ သုံးနေတာပဲ!"

ကုယွင်က သူမလက်ဖဝါးနှစ်ဘက်ကို လှန်ပြလိုက်ပြီး ကူကယ်ရာမဲ့နေသော အပြုံးလေးဖြင့် "ဒီလို ရာဇ၀တ်မှုတစ်ခုအတွက် ဘယ်သူ့ကိုမှ အပြစ်တင်နေစရာ မလိုပါဘူး။ ရှင်က စစ်သူကြီးပဲ။ ဒီအိမ်တော်မှာ ရှင်က အရေးကြီးဆုံးဆိုတော့ ရှင် ဘာပဲပြောပြော ရှင်ပြောတာက အတည်ပဲ၊ ကျွန်မ ဘာမှ မလုပ်နိုင်ဘူး"

စကားပြောနေစဥ်အတွင်း အနက်ရောင်စာရွက်ဖိတုံးလေးက ကုယွင်၏အာရုံကို ဖမ်းစားသွားသည်။ ကုယွင်က အကြောင်းအရာကို ရုတ်တရက် ပြောင်းလိုက်ပြီး "ဒါပေမယ့် ဒီကိစ္စကို ကျွန်မ ရှင့်ကို မတိုင်ပင်ဘဲ ရှင့်နာမည်ကို သုံးပြီး မပြောခဲ့သင့်ဘူး။ နောက်ဆိုရင် ကျွန်မ သတိထားပါ့မယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now