အခန်း ၄၁ ပင်လယ်ဓားပြတို့ ကျဆုံးချိန် (အပိုင်း ၁)
အရှေ့ဘက်ကမ်းရိုးတန်းရှိ ညကောင်းကင်းအောက်တွင် စစ်သည်များက ရသလောက်အလင်းရောင်ကို အားပြုကာ ပျက်စီးသွားသော တိုက်လှေကြီးများကို ပြန်လည်မွမ်းမံနေကြသည်။ လရောင်က တောက်ပနေဆဲဖြစ်ပြီး လှိုင်းလုံးများက ကမ်းစပ်ရှိ သဲနုများကို ခါတိုင်းကဲ့သို့ တိုက်ခတ်နေသော်လည်း ကမ်းခြေရှိ လေထုက အနည်းငယ် ထူးဆန်းနေသည်။
စုလင်းနှင့် ကုယွင်တို့၏ မျက်နှာများပေါ်တွင် အားကိုးရာမဲ့ဖြစ်နေပြီး စိတ်ရှုပ်ထွေးနေသော အမူအရာများရှိနေကာ တစ်ယောက်ကို တစ်ယောက်ပြန်ကြည့်ရင်း အကြည့်ချင်းဖလှယ်နေကြသည်။
သူတို့၏လက်ဝဲဘက်တွင် မုစန်း ဦးစီးသော တောပုန်းသူပုန်တစ်ရာကျော် ရှိနေသည်။ ၎င်းတို့ထဲတွင် ဝူကျိနှင့် ရန်ကော်တို့လည်းပါဝင်နေသည်။ ထိုသူများနှင့် အခြားသူပုန်များက သူမကို အလွန်အမင်း ကြောက်ရွံ့နေကြပုံရပြီး ပိုင်းခြားသိမြင်နိုင်သော မျက်လုံးရှိသူတိုင်းအတွက် သူမက ထိုသူပုန်များ၏ခေါင်းဆောင်ဖြစ်ကြောင်း သိမြင်နိုင်သည်။ တကယ်တော့ တော်ဝင်ရုံးတော်က ရွှေတွေကိုပဲ ပြန်လိုချင်တာပါ၊ ရွှေတွေပြန်ရမယ်ဆိုရင် သူပုန်ခေါင်းဆောင်က ဘယ်သူပဲဖြစ်ဖြစ် ဖမ်းမိတဲ့သူက အစစ်ဟုတ်မဟုတ် ဘယ်သူမှ ဂရုမစိုက်ပါဘူး။
စုမိသားစုစစ်တပ်၏ ယခုတစ်ကြိမ်တာဝန်မှာ ပင်လယ်ဓားပြများကို ဖြိုခွင်းရန်သာဖြစ်ပြီး လက်ရှိအချိန်တွင် သူတို့က သူပုန်များကို စီမံရန် တာဝန်မရှိပေ။
အော်ထျန်းဦးစီးသော ကျုလင်ကျွန်းမှ လုပ်ကြံသူများက သူတို့၏ ညာဘက်တွင် မတ်တပ်ရပ်နေကြပြီး ၎င်းတို့အားလုံးက အနက်ရောင်၀တ်စုံများဝတ်ဆင်ထားကာ သူတို့အားလုံးတွင် ကြမ်းတမ်းသော အမူအရာများရှိနေသည့်အပြင် သူတို့၏အေးစက်သောမျက်လုံးများမှ လူသတ်ရောင်ဝါများ ထုတ်လွှတ်နေသည်။
တစ်ဖက်က တောတွင်းသူပုန်တွေ နောက်တစ်ဖက်က လူသတ်သမားတွေ.... နှစ်ဖွဲ့စလုံးက စုမိသားစုစစ်တပ်နဲ့ ရန်ငြိုးတွေ ရှိကြတယ်၊ သူတို့မှာ အာဃာတတွေ ရှိနေပြီး လက်စားချေချင်ရင် စုလင်းဆီကို ဦးတည်လာသင့်တာ မဟုတ်လား? ဒါပေမယ့် လက်ရှိအခြေအနေကတော့ လုံးဝကွဲပြားနေတယ်။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"