Chapter 40.2

605 56 0
                                    

အခန်း ၄၀ စစ်တပ်နှင့်အတူ ထွက်ခွာ (အပိုင်း ၂)

တုန်းဟိုင်တပ်စခန်းက အရှေ့ပင်လယ်ကမ်းရိုးတန်းမှ ဆယ်လီအကွာတွင် တပ်စွဲထားပြီး ပုံမှန်အားဖြင့် တပ်ဖွဲ့ဝင် နှစ်သောင်းအောက်သာရှိသည်။ ယခုအချိန်တွင် သောင်းကျန်းနေသော ပင်လယ်ဓားပြများကြောင့်သာ မဟုတ်ပါက စုလင်းကဲ့သို့သော အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဤရှေ့တန်းစခန်းသို့ ရောက်လာမည် မဟုတ်ပေ။ စုမိသားစုစစ်တပ်၏အလံကို အဝေးမှ မြင်လိုက်ရချိန်တွင် ကမ်းခြေစောင့်တပ်မှ စစ်သူကြီး ချောင်လင်ဖုန်းက အစောကြီးကတည်းက တပ်ပြင်သို့ထွက်ကာ စောင့်နေပြီ ဖြစ်သည်။

သူက စုလင်းကို တွေ့သည်နှင့်တပြိုင်နက် ချက်ချင်း ရှေ့တိုးလားပြီး ဒူးထောက် အရိုအသေပေးလိုက်သည်။

"စစ်သူကြီးစု"

စုလင်းက မြင်းပေါ်မှ ဆင်းလိုက်ပြီး နှုတ်ဆက်ဖို့ ရည်ရွယ်ချက် မရှိပုံဖြင့် အေးစက်စွာ အမိန့်ပေးလိုက်သည်။

"တဲထဲမှာ စကားပြောရအောင်"

လူတစ်စုက ပင်မတဲထဲသို့ ဝင်သွားကြပြီး သန်မာသော အမျိုးသားအုပ်စု၏နောက်တွင် ပိန်ပိန်ပါးပါး အမျိုးသမီးကို မြင်နေရသည်မှာ အထူးပင် အဆင်မပြေပုံ ပေါ်နေသည်။ ချောင်လင်ဖုန်းက ယိုယိနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ "သူ(မ)က ဘယ်သူလဲ?"

"ဧကရာဇ်မင်း ခန့်အပ်လိုက်တဲ့ စစ်ရေးအကြံပေးအရာရှိ" သူ ပြောပြီးသည်နှင့် ချောင်လင်ဖုန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်ကို တွေ့ရသော်လည်း ယိုယိက မအံ့သြတော့ပေ။ သူ့အကြည့်တွေမှာ မထီမဲ့မြင် အမူအရာတွေ ပြည့်နှက်နေတယ်။ အခုက ဘယ်အချိန်လဲ? ဧကရာဇ်က ဘာတွေလုပ်နေတာလဲ? စစ်ပွဲဆိုတာကို ကစားတစ်ခုလို့ သူ ထင်နေတာလား?

ချောင်လင်ဖုန်းက သူ့စိတ်ထဲမှာ မကျေမနပ် ဖြစ်နေပေမယ့် စစ်သူကြီးစုက ဒီကိစ္စကို ဘာမှ မပြောဘူးဆိုရင် သူက ကုယွင်ကို အလိုအလျောက် လျစ်လျူရှုထားလို့ မရပါဘူး။ ချောင်လင်ဖုန်းက သူမကို တံခါးနှင့် အနီးဆုံးနားနေရာတွင် ထိုင်ရန် တိုက်ရိုက် စီစဉ်ပေးလိုက်သည်။ ကုယွင်က သူမမျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။ သူမက ထိုနေရာကို ပိုနှစ်သက်သော်လည်း ကမ်းခြေစောင့်စခန်းမှ တာဝန်ခံ စစ်သူကြီးက "တော်ဝင်စစ်ရေးအကြံပေး"ဆိုသည့် စကားအပေါ် စိတ်တိုနေကြောင်း ပြသနေသော်လည်း သူမအပေါ် ကြင်နာမှု မကင်းမဲ့ဘဲ ဂရုတစိုက်ဖြင့် သတိထားနေသေးသည်။ ဒီလူက အသက်သုံးဆယ်အောက်သာ ရှိသေးပေမယ့် ရင့်ကျက်ပုံပေါ်တယ်။ သူက မည်းမှောင်တဲ့ အသားအရည်နဲ့ ပိန်ပိန်ပါးပါး ပုံစံရှိတယ်။ သူက ယိုယိနဲ့ ရံဖန်ရံခါ တီးတိုးပြောနေပြီး သူရဲ့အသံနေအသံထားနဲ့ အမူအရာကို သုံးသပ်ကြည့်ရရင်တော့ ဒီလူက ဆက်ဆံရလွယ်ကူတဲ့ စစ်သူကြီး ဖြစ်နိုင်တယ်။ ဒါပေမယ့်လည်း စစ်တိုက်တဲ့နေရာမှာ သူက သူ့ရဲ့တပ်ကို ဘယ်လောက် စီမံခန့်ခွဲနိုင်တယ်ဆိုတာကိုတော့ သူမ မသိနိုင်သေးပါဘူး။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now