Chapter 15.5/15.6

881 85 1
                                    

အခန်း ၁၅ သူပုန်ခေါင်းဆောင် (အပိုင်း ၅)

လက်ထောက်ယုက အပြင်းအထန် ရှင်းပြနေပြီး စိတ်ထဲကနေ ငိုနေချိန်မှာ တဲတံခါးကန့်လန့်ကာက ရုတ်တရက် ပွင့်သွားပြီး အဖြစ်အပျက်၏အဓိကဇာတ်ဆောင်ဖြစ်သော ကုယွင်က တဲထဲကို ဝင်လာတာကြောင့် မျက်လုံးအစုံပေါင်းများစွာက သူမကို စိုက်ကြည့်လိုက်ကြသည်။ ကုယွင်က စုလင်းကို အေးစက်စွာ ကြည့်လိုက်ပြီး သူ့ကို မမြင်ရသလို အဝေးကို အကြည့်လွှဲလိုက်သော်လည်း ထိုအရာက စုလင်းက အမှတ်တမဲ့ နဖူးတွန့်သွားစေသည်။

ကုယွင်က စုရန်ဆီသို့ လျှောက်သွားပြီး သူ့ဘေးနားတွင် ဝင်ထိုင်လိုက်သည်။ စုရန်က ပြုံးပြီး နှုတ်ဆက်လိုက်သည်။ "မရီး —— "

"ပါးစပ်ပိတ်ထား!" ဟူသော အော်ငေါ့က်သံက တဲအတွင်း ပဲ့တင်ထပ်လာတာကြောင့် လူတစ်စုကို အံ့အားသင့်သွားစေသည်။ "နောက်ကျရင် ငါ့ကို မရီး ဒါမှမဟုတ် သခင်မလို့ မခေါ်နဲ့၊ ယခုကစပြီး နောက်တစ်ခါ ခေါ်ရဲရင် အဲ့လူကို ငါ ချက်ချင်း သတ်ပစ်မယ်!"

ကုယွင်က စုရန်၏ဘေးတွင် ငြိမ်သက်စွာ ထိုင်နေဆဲဖြစ်ပြီး ထိုကြမ်းတမ်းသောအသံနှင့် သူမ၏တည်ငြိမ်သော မျက်နှာတို့ကြားတွင် ကြီးမားသော ကွာခြားမှုတစ်ခုရှိနေသည်။ စုလင်း၏ စိတ်ရှုပ်ထွေးနေသော အမူအရာအပြင်၊ ‌ထိုနေရာတွင် ရှိနေသော ယောကျာ်းသားများစွာတို့တွင်လည်း သံသယများ ပြည့်နှက်နေသည်။ မနေ့ညက စစ်သူကြီးက သူမကို ဘာလုပ်ခဲ့လို့လဲ?

ကုယွင်၏ အသွင်အပြင်က တဲအတွင်းရှိ လေထုကို ပြေလျော့မသွားစေဘဲ ထိုအစား ပို၍ တင်းမာသွားစေသည်။

ဘယ်လို လုပ်ကြမလဲ? စကားပြောရမှာလား....ပါးစပ်ပိတ်နေရမှာလား?? ပျောက်ကွယ်သွားနိုင်ရင်တော့ ပိုကောင်းတာပေါ့....

"သတင်းပို့ပါတယ်၊ စစ်သူကြီးလို့ ရောက်လာပါပြီ" အတိုချုံးသတင်းပို့မှုကြောင့် လူအများအပြား ထခုန်လုနီးပါး ဝမ်းသာအားရဖြစ်ကြရသည်မှာ ပထမဆုံးအကြိမ်ပင်။ စုရန်က ပြန်ဖြေလိုက်သည်။ "မြန်မြန် ဝင်ခွင့်ပြုလိုက်ပါ"

လို့မူဟိုင်က ကန့်လန့်ကာကို ဖွင့်ကာ ဝင်လာပြီး လူတိုင်းရောက်နေလာတာကို တွေ့လိုက်ရတာကြောင့် သူက ပြုံးပြီး ပြောလိုက်သည်။ "လူတိုင်းက ဒီကို ရောက်‌နေပြီပဲ။ ဒီလူအိုကြီးက နောက်ကျနေပြီလား"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now