Chapter 31.4

827 97 0
                                    

အခန်း ၃၁ လောင်ကျွမ်းလာသော ဒေါသစိတ် (အပိုင်း ၄)

စစ်တန်းလျား၏ ထမင်းစားဆောင်တွင်...

စားပွဲများတွင် မောပန်းနွမ်းနယ်နေသော လူများက မတ်မတ်ထိုင်နေကြပြီး ကုယွင်ကို သတိအပြည့်ရှိနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ အခု ကုယွင်က သူတို့ကို ဘာပြဿနာတွေ ဖြစ်လာစေမလဲဟုသာ တစ်ချိန်လုံး စိုးရိမ်နေရသည်။

"ပုံမှန်ဆိုရင်တော့ ညစာစားပြီးမှ ဒီနေ့ရဲ့ စွမ်းဆောင်ရည်ကို အကျဉ်းချုံး ပြန်ပြောရမယ်၊ ဒါပေမယ့် ဒီနေ့ မင်းတို့ အလုပ်နှစ်ခုစလုံးကို ပြီးအောင် မလုပ်နိုင်တဲ့အတွက် အခု မင်းကို ညွှန်ကြားချက် အရင်ပေးမယ်၊ နောက်နောင်မှာလည်း အဲ့လို ထပ်လုပ်ခွင့် လုံးဝ မရှိဘူး"

သူတို့က ဘယ်အလုပ်ကို ပြီးမြောက်အောင် မလုပ်နိုင်ခဲ့တာလဲ? သူတို့သာ ပျင်းနေရင် သူတို့ရဲ့လက်တွေ ခြေတွေက အခုလိုတောင် တုန်နေမှာ မဟုတ်ဘူး။

ကုယွင် ပြောပြီးသည်နှင့် တပြိုင်နက် နာကျည်းမှုများ၊ မကျေနပ်မှုများ ပြည့်နေသော မျက်လုံးအစုံပေါင်းများစွာတွင် ပြင်းထန်သော အလင်းရောင်များ လင်းလက်လာသည်။ လူအများစုက သူမကို အလျင်စလို ငြင်းခုန်ချင်ကြသော်လည်း ဤအရာက သူမ ဒေါသထွက်နိုင်ရန် ဆင်ခြေဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် သည်းခံနိုင်ရုံသာ တက်နိုင်ကြသည်။ မျက်လုံးအကြည့်ဖြင့် လူသတ်နိုင်လျှင် ကုယွင်က အကြိမ်တစ်ထောင်လောက် သေပြီးပြီဟု ခန့်မှန်းရသည်။

ရန်လိုမှုများပြည့်နှက်နေသည့် ကျားနှင့် ဝံပုလွေများကဲ့သို့ ကြမ်းတမ်းသော မျက်လုံးများကို လျစ်လျူရှုလိုက်ပြီး ကုယွင်က "မင်းတို့ ဒီနေ့ မနက်စာနဲ့ နေ့လည်စာ ကောင်းကောင်း မစားခဲ့ဘူး။ မင်းတို့အတွက် ပြင်ဆင်ထားတဲ့ အစားအစာရဲ့ တစ်ဝက်ကိုပဲ စားခဲ့တယ်။ မင်းတို့အတွက် လေ့ကျင့်ရေးအချိန်ဇယားကို ငါ သတ်မှတ်ထားတယ်၊ အစားအသောက်တွေ အပါအဝင် အရာအားလုံးကို ငါ သတ်မှတ်ထားတဲ့အတိုင်း လိုက်နာပါ! အချိန်တိုင်းမှာ ဘာလုပ်သင့်တယ်ဆိုတာကို ငါ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား၊ ဒီထမင်းစားချိန်ကစပြီး အထူး ခွင့်ပြုချက်မရှိရင် ထမင်းစားတိုင်း တန်းလျားကို ပြန်ကို ပြန်ရမယ်။ ငါ တစ်ခုပြီး တစ်ခု တာာဝန် ခွဲထားပေးတယ်၊ မင်းတို့က ပြီးအောင်လုပ်ဆောင်ရမယ်၊ မီးဖိုချောင်က မင်းတို့အတွက် အစားအစာကောင်းတွေ ပြင်ဆင်ပေးထားတယ်၊ စားစရာရှိနေရင် ကုန်အောင် စားရမှာက မင်းတို့ရဲ့တာဝန်ပဲ၊ ထမင်းတစ်စေ့တောင် မကျန်စေနဲ့၊ ကျန်ရင် ဆယ်မှတ်နုတ်မယ် နားလည်ကြလား?"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now