Chapter 35.1

808 92 1
                                    

အခန်း ၃၅- လက်နက်အပြည့်အစုံ (အပိုင်း ၁)

စုလင်းကို ယဲ့ထျန်းခြံဝင်းဆီသို့ စိတ်လှုပ်ရှားစွာ ဆွဲခေါ်သွားပြီး ခြံတံခါးကို တွန်းဖွင့်လိုက်သော ကုယွင်တစ်ယောက် ချက်ချင်း အံ့အားသင့်သွားရသည်။ ကောင်းကင်နှင့် နေရောင်တို့ကို ပိတ်ဆို့ထားနိုင်အောင် အကိုင်းအခက်များထူထပ်လှသည့် ခြံဝင်းအတွင်းမှ သစ်ပင်ကြီးများက ထိုနေရာတွင် တည်ရှိနေသေးသော်လည်း အရွက်အများစုကတော့ ကြွေကျသွားပြီ ဖြစ်သည်။ အရွက်များ ဆိတ်သုဉ်းနေသော အကိုင်းအခက်များတွင်လည်း ရေခဲများ ဖုံးအုပ်နေဆဲဖြစ်ကာ အရည်ပျော်ကျနေသော ရေများက တစက်စက်ကျနေပြီး ခြံဝင်းထဲတွင် မိုးရွာနေသကဲ့သို့ ဖြစ်နေသည်။ မြက်ခင်းပြင်၏အခြေအနေကလည်း မျှော်လင့်ထားသည်ထက် ဆိုးဝါးနေပြီး စိတ်မကောင်းဖွယ် ဖြစ်နေသည်။ ရေခဲများမှ အရည်‌ပျော်လာသော ရေများက ခြံဝင်းထဲတွင် စီးဆင်းနေပြီး အမြင့်မီတာဝက်ကျော်နေကာ တံခါးခုံကိုပင် ကျော်ကာ အပြင်သို့ ဖိတ်စင်ထွက်နေသည်။

ကုယွင်က သူမခြံဝင်း၏အခြေအနေကြောင့် အေးခဲနေပြီး မရယ်နိုင် မငိုနိုင် ဖြစ်နေတော့သည်။

သူမ၏ စူးစူးရဲရဲ အကြည့်များကို စောင့်ကြည့်နေသော စုလင်းက ပြုံးနေပြီး "မင်း အထဲကို ဝင်ချင်တာ သေချာလား?"

"အို ဘုရားသခင်၊ ဒီမြေကြီးပေါ်မှာ ဘာတွေများ ဖြစ်ပျက်နေတာပါလဲ?!" ပန်းခန်းမက အလွန်သနားစရာကောင်းနေပြီဟု သူမ ထင်ခဲ့သော်လည်း ယခု ယဲ့ထျန်းခြံဝင်းကို မြင်သည့်အချိန်တွင် မည်သည့်နေရာကမှ ယဲ့ထျန်းခြံဝင်းလောက်ဆိုးမည် မဟုတ်ကြောင်း သူမ နားလည်လာသည်။ ရေခဲများ ဖုံးနေသော ပြတင်းပေါက်နှင့် တံခါးဘောင်များကို လှမ်းကြည့်လိုက်ပြီး ကုယွင်က သူမ၏ခြေချောင်းများနှင့်တွေးလျှင်တောင် အိမ်၏အတွင်းမှ အခြေအနေက ပိုဆိုးနေမည်ဖြစ်ကြောင်း သိနိုင်သည်။ သူမက သက်ပြင်းချပြီး မချိပြုံးလေး ပြုံးနေကာ "ဒီည ဘယ်မှာနေရမှာလဲ?"

နောက်ဆယ်ရက်လောက်အထိ ဒီဝင်းထဲမှာ ဘယ်သူမှ နေနိုင်မှာ မဟုတ်ဘူး... လဝက်လောက်တောင် ဖြစ်နိုင်တယ် မဟုတ်လား?

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now