Chapter 19.13/19.14

507 53 0
                                    

အခန်း ၁၉ မင်္ဂလာလက်ဆောင် (အပိုင်း ၁၃)

စုလင်းက သဘောထားကြီးစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး "အန္တရာယ်အရှိဆုံး အခြေအနေ ဖြစ်လာတဲ့အခါ အဲ့လိုအဖွဲ့မျိုး လိုအပ်လာလိမ့်မယ်။ သူတို့ကို လေ့ကျင့်ပေးနိုင်ဖို့ အရည်အချင်းရှိပြီး ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ကို ငါ လိုအပ်တယ်"

အရည်အချင်းရှိပြီး ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်လား? အဲ့ဒိလူက သူမလို့ ပြောနေတာလား? ကုယွင်နားထောင်လေလေ သူမဦးရေပြားတွေ ထုံကျင်လာလေလေဟု ခံစားနေရသော်လည်း စုလင်းမျက်နှာမှာတော့ ထူးခြားမှု တစ်စုံတရာကို ရှာမ‌တွေ့ပါဘူး။ ကုယွင်က တိတ်ဆိတ်နေပေမယ့် စုလင်းက "ငါ မင်းကို လစာငွေ လျန်သုံးရာပေးမယ်၊ မင်း ကျေနပ်လား?"

ကုယွင်က လျန်သုံးရာ၏တန်ဖိုးကို မသိသော်လည်း ၎င်းက သေးငယ်သောပမာဏ မဟုတ်ကြောင်း သူမ သိနိုင်သည်။ ဒီည စုလင်း ရောက်လာတဲ့ ရည်ရွယ်ချက်ကို သူမ ရိပ်မိသွားပြီး မှန်းဆနိုင်လိုက်တာကြောင့် သူမစိတ်ထဲကနေ နှာမှုတ်လိုက်ပြီး "ဟန်ရှုရဲ့လစာက ဘယ်လောက်လဲ"

သူမက ဘာလို့ ဒီလိုမေးတာလဲ? သူမက သူ့ရဲ့ရည်ရွယ်ချက်ကို မြင်သွားတာ ဖြစ်နိုင်လား?

စုလင်းက ခဏတုံ့ဆိုင်းသွားပြီးမှ ကုယွင်၏ အေးစက်သော မျက်လုံးများအောက်တွင် တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

"လျန်နှစ်ရာ"

စုလင်းက သူမရဲ့ ခေါင်းမာတဲ့ အကျင့်စရိုက်ကြောင့် သူမ ငြင်းဆန်မှာကို စိုးရိမ်နေချိန်မှာပဲ ကုယွင်က "ကျွန်မ ရှင့်ရဲ့ စစ်တပ်ကို စပြီး လေ့ကျင့်ပေးတဲ့ အချိန်ကို အစမ်းကာလတစ်ခုအဖြစ် သတ်မှတ်မယ်။ အဲ့အချိန်အတွင်း ဟန်ရှုရဲ့ လစဉ်လစာနဲ့ အတူတူပဲ ယူမယ်၊ ရလဒ်တွေရလာရင် ထပ်တိုးပေးဖို့ တောင်းဆိုမယ်"

သူ ရရှိနိုင်သည့် အကျိုးကျေးဇူးများက သူပေးသည့်ငွေနှင့် ညီမျှသင့်သည်ဟု ကုယွင်က တွေးနေခဲ့သည်။ သူမက ငွေကြောင့် ပြဿနာလုပ်နေမှာ မဟုတ်ဘူး။ ပြီးတော့ စုလင်းရဲ့ ရည်ရွယ်ချက်ကလည်း သူမအတွက် အရေးမကြီးဘူး၊ သူ့ပိုက်ဆံကို ယူပြီးရင် သူမက ယူတာနဲ့တန်အောင် ဝန်ဆောင်မှု ပြန်ပေးနိုင်တယ်၊ ပြီးတော့ သူမလည်း လမ်ရှောင်းတို့အဖွဲ့ကို လေ့ကျင့်ပေးရတဲ့နေ့ရက်ကောင်းလေးတွေကို တကယ်ကို လွမ်းနေမိတယ်။ သူတို့အဖွဲ့နဲ့ဆိုရင် ဒီနေရာမှာ ကျော်ဖြတ်ရမယ့် နေ့ရက်တွေက ပိုမိုလွယ်ကူလာလိမ့်မယ်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now