Chapter 18.7/18.8

599 68 0
                                    

အခန်း ၁၈ အော်ထျန်း၏ရှုပ်ထွေးမှုများ (အပိုင်း ၇)

ကုယွင်က သူမပါးစပ်ထဲမှာ ရှိနေပြီးသားဖြစ်တဲ့ 'ကောင်းသော နံနက်ခင်းပါ"ဆိုတဲ့ စကားကို ချက်ချင်း ပြန်မျိုချလိုက်ပြီး သူမ၏စိတ်ကောင်းလေးများက ပျောက်ကွယ်သွားခဲ့သည်။ သူက မနက်ခင်းမှာ ဘာမှ လုပ်စရာမရှိလို့ ဆဲဆိုကြိမ်းမောင်းဖို့ နေရာရှာပြီး ဒီကို ရောက်လာတာလား? သူမ၏အတွင်းစိတ်ကလည်း အတော်ပင် ပူလောင်နေပြီဖြစ်သောကြောင့် သူမ၏ ဒေါသများက ခုန်တက်လာပြီး သူ့ကို တိုက်ရိုက် ဆန့်ကျင်တောသည်။ "ကျွန်မရဲ့လွတ်လပ်မှုက ဘာဖြစ်လို့ ဒီလောက်အထိ ဆုံးရှုံးနေရတာလဲ? စစ်သူကြီးအိမ်တော်ကနေ ထွက်သွားဖို့ကျတော့လည်း ရှင့်ရဲ့ ခွင့်ပြုချက် လိုတယ်။ အိမ်တော်ထဲမှာနေတော့လည်း ကျွန်မရှိနေတဲ့နေရာကို ရှင့်ကို သတင်းပို့ရဦးမှာလား?"

"မနေ့ညက ဘယ်ကို သွားနေတာလဲ" စုလင်းက အံကြိတ်ထားသည်။ အိမ်တော်ကို လှည့်ပတ် စောင့်ရှောက်ရသော ကင်းသမား စစ်သည်များက သူမ၏ခြံက တစ်ညလုံး ဆိတ်သုဉ်းနေခဲ့ကြောင်း အစီရင်ခံခဲ့သည်။ တံခါးမှ အစောင့်များကလည်း သူမ အပြင်မထွက်ဘူးဟု အစီရင်ခံတာကြောင့် အိမ်တော်ထဲမှာ လိုက်ရှာခိုင်းပေမယ့် သူမကို ရှာမတွေ့ခဲ့ပေ။ စုမူဖုန်းကို ဖမ်းမိထားပေမယ့် သူက လူသတ်သမား ဟုတ် မဟုတ် ဘယ်သူသိနိုင်လို့လဲ?

သူက သူမ ဘယ်မှာ ရှိနေလဲ မေးဖို့ အရည်အချင်းရှိလို့လား? ကုယွင်က စိတ်ထဲကနေ လှောင်ပြောင်ရယ်မောလိုက်ပြီး အိမ်ထဲသို့ တည့်တည့်ဝင်သွားတော့သည်။ သို့သော်လည်း သူမ စုလင်းဘေးနားမှ ဖြတ်သွားချိန်တွင် သူမလက်ကောက်ဝတ်က နာကျင်သွားသည်။ ကုယွင်က ရပ်လိုက်ပေမယ့် ဒေါသတကြီး ဟိန်းဟောက်သံက သူမနားထဲသို့ ဝင်လာပြန်သည်။

"မင်း သောက်ထားတာလား?!"

ဝိုင်ရနံက အကြွင်းအကျန်သာ ဖြစ်သော်လည်း ညက သောက်ထားမှန်း သိသာနေတုန်းပါပဲ၊ ပြီးတော့ မနေ့ညက အများကြီး သောက်ထားတာဖြစ်ရမယ်။

ကုယွင်က ထွက်သွားဖို့ ငြင်းဆန်လိုက်ပြီး သူ့ဘေးမှာ ရပ်လိုက်ကာ "သောက်ထားတယ်၊ ပြီးတော့ တောထဲက သစ်ပင်ပေါ်မှာ တစ်ညလုံး အိပ်နေခဲ့တာ၊ ရှင်က ဘာဖြစ်ချင်နေတာလဲ?"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now