Chapter 34.2

776 100 1
                                    

အခန်း ၃၄ စိတ်ပျက်စရာ (အပိုင်း ၂)

မြှားဆယ်ချောင်း ပစ်ရန် ညွှန်ကြားသံ ပြီးဆုံးသွားပြီးနောက် ရှုတ်ထွေးနေသော မြှားမိုးက တဖြည်းဖြည်း ရပ်တန့်သွားသည်။ အချို့သော မြှားပစ်မှတ်များက အလွတ်ဖြစ်နေပြီး အချို့က ဖြူကောင်များကဲ့သို့ ပစ်ခတ်ခံထားရသည်။ လွှဲချော်ပြီး ပစ်ခတ်ခဲ့မိသော မြှားများကိုလည်း မြေပြင်နှင့်သစ်ပင်စည်များကဲ့သို့သော နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ အချို့လူများက သူတို့၏ ကျည်တောက်များထဲတွင် မြှားခုနစ်ချောင်း၊ သို့မဟုတ် ရှစ်ချောင်း ကျန်နေခဲ့ပြီး သူတို့ လုံးဝ မပစ်နိုင်ခဲ့ဟု ဆိုလိုသည်။

ကုယွင်၏အမြဲတမ်း အေးဆေးတည်ငြိမ်တက်သော အမူအရာက ယခုအချိန်တွင် မှိုင်းမှုန်နေပြီဖြစ်ကာ "ပစ်မှတ်ပေါ်က ရလဒ်တွေကို စစ်ဆေးကြည့်လိုက်"

လက်ထောက်ယုက ထိုနေရာမှ ရလဒ်များကို ရေတွက်နေသည်။ ခဏအကြာတွင် သူက "ပထမပစ်မှတ်... သုံး၊ ဒုတိယပစ်မှတ်... လေး၊ တတိယပစ်မှတ်... မရှိ၊ စတုတ္ထပစ်မှတ်...တစ်၊ ပဉ္စမပစ်မှတ်.... သုံး၊ ဆဌမပစ်မှတ်... နှစ်၊ သတ္တမပစ်မှတ်....နှစ်၊ အဋ္ဌမပစ်မှတ်... တစ်၊ နဝမပစ်မှတ်.... သုံးခု၊ ဒသမပစ်မှတ်...ငါး"

"လူဆယ်ယောက်မှာ တစ်ယောက်ပဲ အောင်မြင်တယ်! ကောင်းတယ်! အရမ်းကောင်းတယ်!" ကုယွင်က မေးရိုးကျိုးလုမတက် အံကြိတ်ထားရင်း ပြောလိုက်သည်။ လေ့ကျင့်မှုအတွင်း လေးပစ်ရာတွင် တည်ငြိမ်မှုရှိရမည်ဖြစ်ပြီး တိကျရမည့်အပြင် လုံးဝလိုက်လျောညီထွေရှိပြီး လွန်ကဲသော အရှိန်လည်း ရှိရမည်ဟု သူမ အလေးပေးပြောကြားခဲ့သည်။

"ငါးရက်လောက် လေ့ကျင့်ပြီးတော့ မင်းတို့ ငါ့ကို ပြသတဲ့ ရလဒ်က ဒါပဲလား? မင်းတို့ မလေ့ကျင့်ချင်ရင် ဒါမှမဟုတ် အရည်အချင်းမရှိရင် ဒီကနေ ထွက်သွား၊ ငါ့အချိန်ကို လာဖြုန်း မနေနဲ့၊ လေးနဲ့မြှားကိုတောင် မထိန်းနိုင်ဘဲ မင်းတို့ ဘယ်လို့ စစ်သည် ဖြစ်တာလဲ?"

ကုယွင်က သူတို့ကို သေချာ အာရုံစိုက်ခဲ့သည်။ လူတိုင်းနီးပါး၏ လေးပစ်စွမ်းရည်က ထူးချွန်သောကြောင့် သူမက အကဲဖြတ်သည့်နေရာတွင် လက်တွေ့ ပစ်မှတ်များက ငြိမ်သက်နေသော ပစ်မှတ်သေများ မဟုတ်ကြောင်းကို သူတို့ နားလည်နိုင်စေရန်အတွက် မြှားပစ်ခြင်းကို ပထမဆုံးအကဲဖြတ်သည့်နက်လက်အဖြစ် ရွေးချယ်ခဲ့သည်။ ဒါပေမယ့် သူတို့ရဲ့ လိုက်လျောညီထွေဖြစ်အောင် ထိန်းချုပ်နိုင်စွမ်းက အရမ်းညံ့နေမယ်လို့တော့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။ ဒါက သူတို့က သူမရဲ့တောင်းဆိုချက်နဲ့အညီ ဂရုတစိုက် မလေ့ကျင့်ခဲ့ဘူးဆိုတာကို သက်သေပြနေခြင်းပင်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now