Chapter 19.5/19.6

587 61 1
                                    

အခန်း ၁၉ မင်္ဂလာလက်ဆောင် (အပိုင်း ၅)

ကုယွင်က ပြုံးပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ " ငါ့မှာမှ ပိုက်ဆံမလောက်တာ၊ ငါ အဲ့ဒါနဲ့ပတ်သတ်ပြီး ဘာမှ မတက်နိုင်ဘူး။ မင်း သိမ်းထားပေးလို့ မရလို့ မနက်ဖြန် ရောင်းကုန်သွားတော့လည်း ကုန်သွားတယ်ပေါ့"

ထိုသို့ပြောပြီးနောက် ကုယွင်က သူမပိုက်ဆံအိတ်ကို ပြန်ယူကာ ထွက်သွားရန်ပြင်လိုက်ပေမယ့် အမျိုးသမီးက ရုတ်တရက် တိုးတိုးလေး ပြောလာသည်။ "သခင်မလေး... တကယ်တော့ မင်း သူတို့ကို စပေါ်ငွေနည်းနည်းနဲ့ ပေးချေပြီး မင်း အိမ်ကို ပစ္စည်းပို့ပေးခိုင်းလို့ ရတယ်၊ အဲ့အချိန်ကျမှ ကျန်တဲ့ငွေကို ပေးချေလို့ရတယ်"

ကုယွင်၏မျက်လုံးများက တောက်ပလာပြီး ဆိုင်ဝန်ထမ်းလေးကို ကြည့်ကာ "အဲ့ဒိလို လုပ်လို့ရလား?"

ဆိုင်ဝန်ထမ်းလေးက ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်ကဲ့" ဟု ပြန်ဖြေလိုက်သည်။

ကုယွင်က သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်ပြီး "ကောင်းပြီ၊ အဲ့ဒါဆိုရင် မင်း ဒီပစ္စည်းတွေကို စစ်သူကြီးချုပ်အိမ်တော်ဆီကို ပို့ပေးလို့ရတယ်"

ကုယွင်က "စစ်သူကြီးချုပ်အိမ်တော်" ဟု ပြောလိုက်ချိန်တွင် ဆိုင်ဝန်ထမ်းလေးက ထိတ်လန့်သွားပြီး အမျိုးသမီးက အနည်းငယ် အံ့အားသင့်သွားပုံရသည်။

"အဲ့ဒါက ကျန်းကော်စစ်သေနာပတိချုပ်အိမ်တော်လား?" ဆိုင်ဝန်ထမ်းလေးက သေချာအောင် မေးမြန်းလိုက်သည်။

ကုယွင်က ခဏလောက် စဉ်းစားနေပြီးမှ ခပ်တည်တည် ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ အဲ့ဒါက စုလင်း ရှိတဲ့ စစ်သူကြီးချုပ်အိမ်တော်ပဲ"

သူမက စစ်သူကြီးစုကို သူ့နာမည်အရင်းဖြင့် အမှန်တကယ် ခေါ်ရဲသောကြောင့် သူမက စစ်သူကြီး၏ ဆွေမျိုးရင်းချာ ဖြစ်နိုင်သည်။ ကုယွင်က စပေါ်ငွေမည်မျှ ပေးရမည်ကို မသိသောကြောင့် မေးလိုက်ရာ အရောင်းစာရေးလေးက "လျန်နှစ်ဆယ်ဆို လုံလောက်ပါပြီ" ဟု ပြန်ဖြေလာသည်။

ကုယွင်က သူမပိုက်ဆံအိတ်ကို ဖွင့်ပြီး လျန်နှစ်ဆယ်ဟု စာပါသော ငွေစက္ကူကို ထုတ်ယူကာ အရောင်းစာရေးထံသို့ ပေးလိုက်သည်။ အရောင်းစာရေးက ငွေစက္ကူကို ယူလိုက်ပြီး "နေ့လည်မှာ သခင်မလေးဆီကို ပစ္စည်းတွေ ပို့ပေးပါ့မယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now