Chapter 31.2

883 100 0
                                    

အခန်း ၃၁ လောင်ကျွမ်းလာသော ဒေါသစိတ် (အပိုင်း ၂)

လက်ထောက်ယုက သူမတို့ကို ကမ်းစပ်မှာ စောင့်နေပြီး သူ့ခြေထောက်နားမှာ တံငါပိုက်ရှည်ကြီးတစ်ခု ရှိနေသည်။ သူ့နောက်တွင် သစ်သားလှေငယ်နှစ်စင်း ဆိုက်ကပ်ထားပြီး လူးလွန့်နေသော လှေများပေါ်တွင် စစ်သည်လေးငါးယောက် မတ်မတ်ရပ်နေသည်။

လျှပ်စီးကြောင်းကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် စီးဆင်းနေသော ပေါ့ရွှေမြစ်က သူမ ထင်ထားသည်ထက် ပိုကျယ်နေသည်ကို ကုယွင်က တွေ့လိုက်ရသည်။

"ပိုက်ကွန်တွေကို မြစ်အောက်ပိုင်းမှာ တားထားပြီး တင်းတင်းဆွဲထားလိုက်"

ယောက်ျားနှင့် မိန်းမကြားမှ ရှုပ်ထွေးသော ဆက်ဆံရေးကို မစဉ်းစားနေသရွေ့ ကုယွင်၏ စိတ်က ယခင်အတိုင်း ထက်မြက်နေကာ လိုသလို အသုံးချနိုင်နေသည်။ စုလင်းနှင့် လက်ထောက်ယုတို့က ပဟေဠိများပြည့်နေသော မျက်လုံးများဖြင့် သူမကို ကြည့်လိုက်ပြီး မြစ်အောက်ပိုင်းရှိ ငါးဖမ်းပိုက်များကို နေရာချရန် လှေနှစ်စင်းကို ညွှန်ကြားလိုက်သည်။

ငါးဖမ်းပိုက်များကို တားဆီးပြီး သိပ်မကြာခင်တွင် လူတစ်ရာကျော်က ကမ်းစပ်သို့ တယောက်ပြီး တယောက် ရောက်လာကြသည်။ ကုယွင်က သူတို့ကို လျစ်လျူရှုပြီး လူငယ်လေးယောက်ကို "မင်းတို့က လှေနဲ့ မြစ်လယ်မှာ သွားစောင့်နေ၊ ခနနေလို့ သူတို့ကိုယ်သူတို့ ဆက်မထိန်းနိုင်တဲ့သူကို တွေရင် ဆယ်ပေးလိုက်"

"ဟုတ်ကဲ့" လူလေးယောက်က သူမ ဘာကိုဆိုလိုသည်ကို နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်ကြသည်။ သူမ၏နောက်ကွယ်မှ သန်မာကြံ့ခိုင်သော တိုက်ခိုက်ရေးသမားများက လေးလံသော သဲအိတ်များကို ကျောပေါ်တင်ကာ ခရီးဝေးကို ပြေးခဲ့ကြရသော်လည်း အသက်ရှုကို ပြင်းပြင်းရုံ အခြေအနေတွင်သာ ရှိနေသည်။ သူတို့၏ မျက်နှာများက အနည်းငယ် နီမြန်းနေသော်လည်း ဒီလိုပုံစံဖြင့် မြစ်ကို တစ်ခေါက် နှစ်ခါလောက် ကူးခတ် နိုင်သေးသည်။

လှေသမားလေးဦးက တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသော်လည်း တုံ့ဆိုင်းမနေရဲသောကြောင့်လှေကို မြစ်လယ်သို့ လှော်သွားကြသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now