Chapter 10.9/10.10

978 107 2
                                    

အခန်း ၁၀ ကျီးပါးစပ်ချိုင့်ဝှမ်း (အပိုင်း ၉)

ပေ့ချန်... စုမိသားစုတပ်စခန်း...

သဘာဝ ကုန်းစောင်းငယ်ဘေးတွင် သစ်တောထူထပ်သော တောအုပ်ငယ်လေးတစ်ခုရှိနေပြီး ဆင်ခြေလျှောနှင့် တောအုပ်ကြားအကွာအဝေးက ဆယ်လီခန့်ရှိသည်။ ထိုနေရာနှင့် ကျီးပါးစပ် တောင်ကြား၏အလယ်တွင် အရှိန်အဟုန်ပြင်းပြင်းဖြင့် စီးဆင်းနေသော မြစ်တစ်စင်းရှိနေသည်။ ထိုနေရာသို့ ပြုတ်ကျသွားရင် အသက်ဆုံးရှုံးသွားနိုင်သော်လည်း ချိုင့်ဝှမ်းကို ဖြတ်ဖို့ အကောင်းဆုံးလေ့ကျင့်နိုင်တဲ့နေရာအဖြစ် သဲနဲ့ ရွှံ့တွေ ရှိနေတဲ့နေရာတစ်ခုကတော့ ရှိနေတုန်းပါပဲ။

ကုယွင်က တောင်စောင်း၏ထိပ်တွင် ရပ်နေကာ သူမဘေးနားတွင် ရပ်နေသော လမ်ရှောင်းက မြို့သိမ်းတိုက်ပွဲများတွင် အသုံးပြုလေ့ရှိသော လေးချောင်းချိတ်ကို ကိုင်ထားပြီး ထိုချိတ်၏အောက်ခြေကို ကြိုးရှည်တစ်ချောင်းဖြင့် ချဉ်နှောင်ထားသည်။ စုလင်းနှင့်အဖွဲ့က ညာဘက်ခြမ်းတွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေပြီး သူမတို့၏ သရုပ်ပြမှုကို စောင့်ဆိုင်းနေကြသည်။ သူတို့နောက်တွင် စခန်းထဲမှ စစ်သည်များက လည်ပင်းဆန့်ကာ ချောင်းကြည့်နေကြသည်။

ကုယွင်က သူတို့ကို အကြာကြီး စောင့်မနေစေဘဲ လမ်ရှောင်းနားထဲသို့ ခပ်တိုးတိုး လှမ်းပြောလိုက်သည်။ "ပစ်"

လမ်ရှောင်းလက်ထဲမှ လေးချောင်းချိတ်က အင်အားအပြည့်ဖြင့် လွှင့်ပျံသွားပြီး ကြိုးချည်ထားတဲ့ ချိတ်က ဆယ်လီအကွာကို ချက်ချင်း ရောက်သွားပြီး သစ်တောထဲမှ သစ်ပင်ကြီးတစ်ပင်၏ပင်စည်ကို နှစ်ပတ်လောက် လှည့်ပတ်ကာ နောက်ဆုံးတွင် ရပ်တန့်သွားသည်။ လမ်ရှောင်းက သူကိုင်ထားသော ကြိုးစကို တင်းနေအောင် ဆွဲလိုက်ပြီး သူတို့ဘက်မှ သစ်ပင်တွင် ငါးကြိမ်ခြောက်ကြိမ်ခန့် ရစ်ပတ်ကာ အချိန်တိုအတွင်း တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်သည်။

သူတို့ရဲ့အမူအရာကို ကြည့်ပြီး လို့မူဟိုင်က ချင်းမော့ ဘာလုပ်ချင်နေလဲဆိုတာ နားလည်သွားပုံပေါ်သည်။ သူက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို ခါယမ်းလိုက်ပြီး "စစ်သည်တွေကို ကြိုးပေါ်ကနေ တွားသွားစေချင်တာလား?? အဲဒါက မသင့်တော်မှာကို စိုးရိမ်မိတယ်။ စစ်သည်တွေက လမ်းတစ်ဝက်ရောက်ရင် သူပုန်တွေက မြှားတွေနဲ့ လှမ်းပစ်နိုင်တယ်။ ချောက်ကို မဖြတ်နိုင်ရုံတင်မကဘဲ ငါတို့စစ်သည်တွေ အသေအပျောက် ပြင်းထန်လိမ့်မယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now