အခန်း ၄၁ ပင်လယ်ဓားပြတို့ ကျဆုံးချိန် (အပိုင်း ၃)
စုလင်းက ပင်လယ်ဓားပြများ မကြာခဏ ထွက်လေ့ရှိသည့် အဝိုင်းအတွင်းရှိ နေရာကို ညွှန်ပြလိုက်ပြီး "ငါက တိုက်လှေကြီးခြောက်စီးနဲ့ လှေငယ် ဆယ်စင်းကို ခေါ်သွားပြီး သူတို့ ချုံခိုတိုက်ခိုက်တက်တဲ့ နေရာထဲကို ဝင်မယ်၊ အခြား တိုက်လှေခြောက်စင်းနဲ့ လှေငယ် ဆယ့်သုံးစင်းက သူတို့ကို အုပ်စုနှစ်စုခွဲပြီး ခြုံခိုတိုက်ခိုက်ရမယ်"
သူက ပင်လယ်ဓားပြများ မကြာခဏ သွားလာလေ့ရှိသည့် နေရာတစ်ဝိုက်ကို လက်ညှိုးထိုးပြပြီး "သူတို့အားလုံး ထွက်လာပြီး တိုက်ပွဲခင်းကျင်းမှုတစ်ခုလုံး လုံးလုံးလျားလျား ထွက်ပေါ်လာတဲ့အထိ စောင့်ပြီးမှ သူတို့ကို ဘယ်၊ ညာနှစ်ဖက်ကနေ ဝိုင်းရံတိုက်ခိုက်မယ်"
ဟန်ရှုက အရမ်း စိတ်လှုပ်ရှားသွားပြီး ဝမ်းသာအားရဖြင့် "ဒါက အရမ်းကောင်းတဲ့ အစီအစဥ်တစ်ခုပဲ၊ အတွင်းရော အပြင်ရောကနေ တိုက်ခိုက်ခံရရင် ပင်လယ်ဓားပြတွေက ပျံသန်းနိုင်တာတောင် လွတ်မြောက်တော့မှာ မဟုတ်ဘူး"
ကုယွင်က သန္တာကျောက်တန်း ဖြန့်ကျက်မြေပုံကို စိုက်ကြည့်ရင်း သူမ၏မျက်နှာတွင် ရွှင်လန်းမှုကို လုံးဝမပြဘဲ သူမ၏မျက်ခုံးများက ပို၍ ပို၍ တင်းမာလာသည်။
ယိုယိက "စစ်ရေးအကြံပေးအရာရှိ၊ မင်းရော ဘယ်လိုထင်လဲ"
ကုယွင်က အေးစက်စွာ ပြောလိုက်သည်။ "ဒီပေါင်းစပ်တိုက်ခိုက်မှု အစီအစဥ်က အတွင်းရော အပြင်ပါ တိုက်ခိုက်နိုင်တာကြောင့် အရမ်းကောင်းတယ်၊ ဒါပေမယ့် ပုစဉ်းရင်ကွဲကို လိုက်နေတဲ့ ဓားခုတ်ကောင်ရဲ့နောက်မှာတော့ရှိနေရမယ်။ ဓားခုတ်ကောင်က ပုစဉ်းရင်ကွဲကို မစားခင် ငှက်ကျားက ရောက်လာရမယ်။ ငါတို့က ပင်လယ်ဓားပြတွေရဲ့ မြင်ကွင်းကနေ ပုန်းကွယ်နေပြီး နောက်တစ်ဖွဲ့ကလည်း တိုက်ပွဲနေရာနဲ့ ဆယ်လီအကွာက သန္တာကျောက်တန်းအုပ်စုရဲ့နောက်မှာ ပုန်းနေရလိမ့်မယ်" ကုယွင်က ခေါင်းကို မော့ပြီး အဝေးသို့ လှမ်းကြည့်လိုက်ကာ "မကြာသေးမီက အနောက်မြောက်လေ တိုက်နေပြီ၊ ဆယ်လီအကွာကနေ အဲ့ဒီကို ရွက်လွင့်ဖို့ အချိန်ဘယ်လောက်ကြာနိုင်လဲ?"
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"