Chapter 19.3/19.4

551 53 0
                                    

အခန်း ၁၉ မင်္ဂလာလက်ဆောင် (အပိုင်း ၃)

ကုယွင်က မျက်မှောင်ကြုတ်လိုက်သည်။ သူမ အသက်ရှင်နေသေးတာကို ဘာလို့ ကိုယ့်ကို ကိုယ် သတ်သေရတာလဲ? ကုယွင်က အနည်းငယ် စိတ်ဆိုးသွားသော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် အရောင်းစာရေးက ကျောက်စိမ်းလက်ဝတ်ရတနာများကို လင်ဗန်းပေါ်တင်ကာ ယူဆောင်လာပြီး "သခင်မလေး၊ ဒါက ဒီဆိုင်မှာရှိတဲ့ အကောင်းဆုံး ပစ္စည်းတွေပါ၊ မွေးနေ့ပွဲနဲ့ မင်္ဂလာပွဲတွေအတွက် အသင့်တော်ဆုံးပါ၊ ကြည့်လိုက်ပါဦး"

ကုယွင်က သူမလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။ "အင်း၊ ထားခဲ့လိုက်။ ကြိုက်တာတွေ့ရင် ခေါ်လိုက်မယ်"

"ဟုတ်ကဲ့" ကုယွင်က သိပ်အခြေအနေ မကောင်းတာကို မြင်လိုက်ရတာကြောင့် အရောင်းစာရေးမလေးက သူမနှင့် အတူမနေဘဲ တံခါးနားသို့ ပြန်ဆုတ်သွားသည်။ ကုယွင်က ဗန်းထဲမှ ရတနာပစွစည်းများကို ပေါ့ပေါ့ဆဆ ကြည့်ရှုနေသော်လည်း သူမက စိတ်က အနည်းငယ် မသက်မသာဖြစ်နေပြီး အမျိုးသမီး နှစ်ယောက်ကြားမှ စကားများကို စေ့စေ့စပ်စပ် နားစိုက်နေဆဲဖြစ်သည်။

"တကယ်ကို လူဆိုးကောင်ပဲ! မြို့တော်မှာ ပြောနေကြတာက ဒီဖန့်မိသားစုက နာမည်ကြီးတယ်၊ သူတို့က လစဉ်လတိုင်းရဲ့ ငါးရက်နေ့မှာ အခမဲ့ဆေးခန်းတွေ ဖွင့်ပေးတယ်။ သမားတော်ခေါ်ဖို့ မတတ်နိုင်တဲ့ ဆင်းရဲသား အတော်များများက သူတို့ရဲ့ ဆေးကြောင့်သာ အသက်ရှင်နေကြတာ။ သူတို့က ကုသပေးတဲ့အပြင် ဆေးဝါးတွေလည်း လှူတယ်။ သူတို့ ဘာကြောင့် ဒီလိုပြသနာနဲ့ ရင်ဆိုင်ရတာလဲ? အဲဒါက မဖြစ်သင့်ဘူးမလား?"

"ဒီလို ကိစ္စကို ဘယ်သူက လိမ်ပြောချင်မှာလဲ? သခင်မဝမ် ကိုယ်တိုင် ဒါကို ပြောပြခဲ့တာ? သူ(မ)ယောင်းမက ဖန့်ယိကျွင်းရဲ့ကြီးတော်လေ။ ဒီကိစ္စကို ဘယ်လို လိမ်ညာပြောနိုင်မှာလဲ?"

"ဟေး၊ မကြာခင် ပွဲကျင်းပတော့မှာကို မြို့တော်က ဘာလို့ ပို ပိုပြီး မတည်မငြိမ် ဖြစ်နေရတာလဲ?!"

စကားအနည်းငယ်ကို နားထောင်ပြီးနောက် သူမတို့တွင် ထပ်ပြောစရာ စကားမရှိနိုင်တော့ဘူးဟု ကုယွင်က တွေးလိုက်ပြီး လက်ဆောင်ရွေးရန် ပြင်လိုက်သော်လည်း ခရမ်းရောင်ဝတ် အမျိုးသမီးက ထိတ်လန့်တုန်လှုပ်နေသော အသံဖြင့် ထပ်ပြောလာသည်ကို ကြားလိုက်ရသည်။ "ပန်းသူခိုးက တိုင်းတပါးသားလို့ ငါ ကြားတယ်၊ သူ့ဆံပင်က အဖြူရောင်တဲ့"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now