အခန်း ၂၉ ထိပ်တန်းလက်ရွေးစင် စစ်သည်များ (အပိုင်း ၄)
အဘိုးကြီးသုံးယောက်က တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ကာ သစ်သားသေတ္တာထဲတွင် စွန့်ပစ်ခံထားရသော ပင်းလျန့်ကို ကြည့်နေကြပြန်သည်။ ထို့နောက် သူတို့သုံးယောက်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများပြည့်နေသော အပြုံးများ ထွက်ပေါ်လာသည်။
"ကျွန်မကို အောက်ပြန်ချပေး!" တခြားလူက သူမကို သယ်ထားတာက တကယ်ကို အဆင်မပြေပါဘူး။
"မင်း နောက်တစ်ခါ ထပ်လှုပ်ရဲရင် မင်းရဲ့အပ်စိုက်မှတ်ကို နှိပ်လိုက်မယ်!" အမျိုးသမီးတစ်ယောက်က ငါးတစ်ကောင်လို တွန့်လိမ်ရုန်းကန်နိုင်တာကို သူ ဘာလို့ မသိခဲရတာလဲ?
"ရှင့်မှာ အဲ့လိုလုပ်ဖို့ သတ္တိရှိလို့လား?" ကုယွင်က ထိုကဲ့သို့ ပြောနေသော်လည်း တွန့်လိမ်ရုန်းကန်နေခြင်းကိုတော့ ရပ်ပစ်လိုက်သည်။ တကယ်တော့ သူမ လုံလုံလောက်လောက် သင်ယူထားခဲ့ပြီးပြီ။ စုလင်းက မဆင်မခြင်လုပ်တက်တဲ့ လူမျိုးပဲ၊ သူက သူမရဲ့အပ်စိုက်မှတ်တွေကို တကယ် မနှိပ်ဖူးလို့ အာမခံချက် မရှိဘူး။
သူ့ရင်ခွင်ထဲမှလူက ငြိမ်သက်သွားသောကြောင့် စုလင်းက စိတ်အခြေအနေ ပိုကောင်းပြီး သူ့မျက်ခုံးများကို ပင့်ကာ အပြုံးဖြင့် "မော့အာက ဘာလို့ ကိုယ့်ကို ကြောက်နေတာလဲ?"
မော့အာ? ကုယွင်၏ သန်မာသော နှလုံးသားက ယခုအခိုက်အတန့်တွင် ဘောလုံးကဲ့သို့ လူးလိမ့်ခုန်ပေါက်နေကာ အေးစက်သောလေက သူမခန္ဓာကိုယ်ရှိ ချွေးပေါက်အားလုံးကို ပွင့်သွားစေပြီး ကြက်သီးများထလာကာ အမွေးများကိုပင် ထောင်သွားစေခဲ့သည်။ ကုယွင်က "စုလူကြမ်းကောင်၊ ကျွန်မ ရှင့်ကို ပြောစရာရှိတယ်"
စုလင်းက ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။ "ပြောပါ"
"ကျွန်မကို မော့အာလို့ မခေါ်နဲ့၊ ကျွန်မ မကြိုက်ဘူး" အမှန်အတိုင်းပြောရရင် မကြိုက်တာမဟုတ်ဘူး၊ ရွံစရာကောင်းတယ်လို့ ခံစားရနေရတာ။ စုလင်းက သူမကို အဲ့လိုခေါ်မယ့်အစား ပြင်းပြင်းထန်ထန် ရှုံ့ချဝေဖန် အော်ဟစ်နေတာကမှ ပိုကောင်းဦးမယ်။ သူမကတော့ ချင်းလိုမျိုး ဘယ်သောအခါမှ အလျှော့ပေးမှာ မဟုတ်ဘူး။ သူမရဲ့ နှလုံးသားက အဲ့လို လှုံ့ဆော်မှုမျိုးကို မခံနိုင်ဘူး။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"