Chapter 30.2

965 103 0
                                    

အခန်း ၃၀ ရေခဲဓား၏ နက်နဲသော လျို့ဝှက်ချက်များ (အပိုင်း ၂)

မိန်းမစိုးလေးက ပန်းခန်းမထဲမှ ပျော်ရွှင်စွာ ထွက်ခွာသွားသည်။ ကုယွင်က စိတ်အခြေအနေ ကောင်းနေပြီး စုလင်းနားသို့ လျှောက်သွားကာ ဝင်ထိုင်လိုက်သည်။ "သူ(မ)ကို တွေ့ဖို့ နန်းတော်ထဲကို ဝင်လို့ရမလား?"

နောက်ဆုံးအကြိမ်က ဝန်ကြီးချုပ်အိမ်တော်မှာ ကျင်းပခဲ့တဲ့ ချင်းနဲ့ လို့ရှီးယန်ရဲ့မင်္ဂလာညစာစားပွဲမှာ သူမ ချင်းဖုန့်နဲ့ တစ်ကြိမ်တွေ့ဆုံဖူးခဲ့တယ်။ အဲ့နေ့က သူမတို့နှစ်ယောက် စကား များများစားစား မပြောခဲ့ကြပေမယ့် ကုယွင်က ထိုခေါင်းမာပုံရသော အမျိုးသမီးလေးကို သတိရနေမိတယ်။ သူမရဲ့အရိုးထဲကနေ စိမ့်ထွက်နေတဲ့ ခေါင်းမာမှုက ကုယွင်ကိုတောင် ကြောက်ရွံ့ထိတ်လန့်စေခဲ့တယ်။ သူမတို့က ညီအစ်မအရင်းတွေ မဟုတ်ဘူးဆိုပေမယ့် သူမ အဲ့မိန်းခလေးကို ဂရုမစိုက်ဘဲ မနေနိုင်ခဲ့ဘူး။

သူမ စိတ်မရှည်တော့မှန်း သိလိုက်တာကြောင့် စုလင်းက သူမကို နှစ်သိမ့်သည့်အနေဖြင့် ပြုံးပြလိုက်ပြီး "အခုတော့ မရသေးဘူး။ မင်းသားလေးက တစ်လပြည့်ရင် ဧည့်ခံပွဲလုပ်လိမ့်မယ်၊ အဲ့အချိန်ရောက်ရင် ​​မင်း သူ(မ)နဲ့တွေ့နိုင်ဖို့ နည်းလမ်းကို ကိုယ် စဉ်းစားပေးနိုင်တယ်"

"ကောင်းပြီ" ကုယွင်က စုလင်းကို ခက်ခဲအောင် မလုပ်ချင်ပါဘူး။ စုလင်းက သူမရှေ့သို့ ဟင်းရည်ပန်းကန်ကို တွန်းပို့လိုက်သည်။ ဒီလို နှစ်ယောက်တည်းစားရဖို့က ရှားပါးပုံပေါ်သည်။ စုလင်းက သူတို့ နှစ်ယောက်ကြားမှ အတူရှိရသည့်အချိန်ကို နှစ်သက်ပြီး ပန်းကန်တစ်ချပ်စီမှ ဟင်းများကို သူမပန်းကန်ထဲသို့ ထည့်ပေးနေသည်။ သူ့မျက်လုံးများထဲမှ ကြင်နာမှုနှင့်ညှာတာမှုများက သူ့ဘေးနားမှ အစေခံများကိုပင် ထိတ်လန့်သွားစေသည်။

လရောင်က အားကောင်းနေပြီး လေထုကို ပံ့ပိုးပေးနေ‌ပေမယ့် ကံမကောင်းစွာနဲ့ အစေခံအသစ်ကလေးကတော့ ဘာကွဲပြားချက်ကိုမှ သတိမမူခဲ့ပါဘူး။(စကားပုံထင်တယ်- ပတ်ဝန်းကျင်က ဘယ်လောက်ကောင်းကောင်း မသိနားမလည်တဲ့သူက မခံစားတက်ဘူးလို့ ပြောချင်တာ ထင်တယ်) ကုယွင်က စွပ်ပြုတ် တစ်ဇွန်းကို ခပ်ယူကာ ခေါင်းငုံ့သောက်နေရင်း "မနေ့ညက ဖမ်းမိတဲ့ လူတွေက ဘယ်သူတွေလဲ၊ သူတို့ ဝန်ခံပြီးပြီလား? နောက်ကွယ်က လူက ဘယ်သူတဲ့လဲ?"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now