Chapter 41.4

582 60 0
                                    

အခန်း ၄၁ ပင်လယ်ဓားပြတို့ ကျဆုံးချိန် (အပိုင်း ၄)

ညဉ့်သန်းခေါင်ယံချိန်၏ပင်လယ်က နေ့ခင်းဘက်နှင့် လုံးဝ မတူပေ။ နေ့ခင်းဘက်တွင် ပြာလွင်နေသောရေက ယခုအချိန်တွင် အလွန်ကြောက်မက်ဖွယ်ဖြစ်လာသည်။ လှိုင်းလုံးတိုင်း၏နောက်ကွယ်တွင် အနက်ရောင်တွင်းနက်ကြီးတစ်ခု ရှိနေပြီး အရာအားလုံးကို ဝါးမျိုတော့မည့်ပုံပေါ်နေသည်။ ထိုအပြင် သန္တာကျောက်တန်းပေါ်မှ လှိုင်းပုတ်သံများကလည်း အချိန်တိုင်း ပို၍ ပို၍ ကျယ်လောင်လာကာ ညအချိန်မြင်ကွင်းတစ်ခုက ကြောက်မက်ဖွယ်အခြေအနေကို ဖန်းတီးပေးနေသည်။

ကြီးမားသော သန္တာကျောက်တန်းကြီးတစ်ခု၏နောက်တွင် လှေကြီးတစ်စီးရပ်နေပြီး အမျိုးသမီးနှစ်ဦးက ကုန်းပတ်ပေါ်တွင်ရပ်နေကာ မဝေးလှသောနေရာတွင် တန်းစီနေသော တိုက်လှေများကို တိတ်တဆိတ် ကြည့်ရှုနေကြသည်။

ကုယွင်က သက်ပြင်း တစ်ချက်ချလိုက်ပြီး ခပ်တိုတိုးအသံဖြင့် ပြောလိုက်သည်။ "သူတို့ရဲ့နိုးကြားမှုက တကယ်ကို မြင့်နေတာပဲ"

တိုက်လှေကြီးတစ်စီးစီတွင် လူလေးငါးယောက်ခန့် ကင်းလှည့်ရန် စီစဉ်ပေးထားပြီး ကုန်းပတ်၊ ထိန်းချူပ်ခန်းနှင့် ပဲ့ပိုင်းများကို စောင့်ကြပ်နေသူများလည်း ရှိနေသေးသည်။ ထိုအရာက သူမက ဤဘက်ကမ်းမှ လှမ်းကြည့်ပြီး မြင်နေရသော အခြေအနေကိုသာ ဖြစ်ကာ မုစန်း၏ပြောပြချက်အရ တိုက်လှေကြီးနှစ်တန်း၏အလယ်တွင် လှေငယ်များ ဆိုက်ကပ်ထားမည်ဖြစ်ပြီး အစောင့်အကြပ်များလည်း အလွန်တင်းကျပ်နေမည် ဖြစ်သည်။

မုစန်းက "အမြောက်တွေအားလုံးကို ပိတ်ဆို့ဖို့ကတော့ မဖြစ်နိုင်လောက်ဘူး။ ငါတို့နဲ့ အနီးဆုံး လှေကြီးငါးစီးက အမြောက်သုံးဆယ်ကို ပိတ်ဆို့နိုင်ရင်ပဲ အရမ်းကောင်းနေပြီ"

ကုယွင်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

"စလိုက်ကြရအောင်"

မုစန်းက နောက်သို့ ပြန်လှည့်လိုက်ပြီး သူမနောက်မှ လူနှစ်ယောက်ကို ကြည့်ကာ "ရန်ကော်၊ ဝူကျိ၊ ငှက်ပျောပင်တွေရဲ့ အသီးအနှံတွေနဲ့ အရွက်တွေကို ရောနှောဖို့ လူတွေကို စေလွှတ်လိုက်ပေးလိုက်ပါ"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now