Chapter 42.2

584 64 0
                                    

အခန်း ၄၂ နန်းတော်မှ မကောင်းသတင်း (အပိုင်း ၂)

လင်းယွင်ခြံဝင်းအတွင်းတွင် ကုယွင်က ချင်းဖုန့်အကြောင်းကို အဆက်မပြတ် တွေးတောနေရင်း စုလင်း၏ဒဏ်ရာမှ ပတ်တီးကို လဲပေးရန် ကူညီပေးနေသည်။

"ဟူး" သူမက သူမ၏ခွန်အားကို ထိန်းသိမ်းရန် သတိမမှုနိုင်ဖြစ်နေသောကြောင့် စုလင်းတစ်ယောက် နာကျင်မှုသက်သာစေရန် အေးစက်သောလေတစ်ဆုပ်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ရသည်။ သူမက ပတ်တီးလဲပေးနေတာလား? ဒါမှမဟုတ် လူသတ်နေတာလား?

ကုယွင်က သတိပြန်ဝင်လာပြီး တောင်းပန်ပြုံးလေး ပြုံးနေကာ "ကျွန်မ တမင်ရည်ရွယ်ပြီး လုပ်တာ မဟုတ်ပါဘူး! ဒါပေမယ့် ရှင့်ရဲ့ဒဏ်ရာက ပြန်ကောင်းလာတာ အရမ်း မြန်တယ်" သူမတို့ ပြန်လာတဲ့အချိန်မှာ သူ့ဒဏ်ရာက အရမ်း နာနေသေးတယ်။ အခု ဆယ်ရက်တောင် မပြည့်သေးဘူး သူ့ဒဏ်ရာက သက်သာသွားပြီ။ သူ့ရဲ့မျက်နှာအရောင်တောင်မှ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီ။

စုလင်းက အေးစက်သော လေသံဖြင့် "မင်းက ကိုယ့်ရဲ့ဒဏ်ရာကို ‌နှေးနှေးလေးပဲ ပျောက်‌စေချင်တာလား"

တကယ်တော့ ဒီတစ်ခါ သူ့ဒဏ်ရာက ခါတိုင်းထက် သက်သာတာ ပိုမြန်နေတယ်၊ ဘာတွေ ဖြစ်နေမှန်းကိုတော့ သူလည်း မသိဘူး။

ကုယွင်က ချောင်းနည်းနည်းဟန့်လိုက်ပြီး "ဟုတ်တယ်၊ ကျွန်မ မနာလိုဖြစ်နေတယ်"

"ချင်းသခင်မလေး" စစ်သည်ငယ်တစ်ဦး၏ အသံက ခြံပြင်မှ ထွက်ပေါ်လာသည်။

"အထဲဝင်ခဲ့ပါ"

စစ်သည်ငယ်လေးက ခြံဝင်းထဲသို့ ဝင်လာပြီး ကျယ်လောင်စွာ သတင်းပို့လာသည်။ "အပြင်မှာ သခင်မလေးကို လာမေးတဲ့ လူတစ်ယောက် ရှိပါတယ်။ သူက သခင်မလေး ရှာနေတဲ့လူပါတဲ့"

သူမ ရှာနေတဲ့လူလား? ကုယွင်က စိတ်ရှုပ်သွားသည်။ သူမ ​​ ဘယ်တုန်းက ဘယ်သူကို ရှာမိလို့လဲ? ကုယွင်က စုလင်းကို မော့ကြည့်လိုက်ပြီး စုလင်းက သူ့မျက်နှာတွင် ရှင်းရှင်းလင်းလင်း ရေးထားသော "ကိုယ် ဘယ်လိုသိမှာလဲ" ဟူသော စကားလုံးများကို သူမ တွေ့လိုက်ရသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now