အခန်း ၃၄ စိတ်ပျက်စရာ (အပိုင်း ၃)
"ညာဘက်ကွေ့ပြီး ကိုက်သုံးရာကို ရှေ့ကို ပြေးပါ"
ဒါက အလွယ်ဆုံးလို့ သူမ ထင်တဲ့ စမ်းသပ်မှုပါပဲ၊ ပြီးတော့ နောက်တစ်ဆင့်ကို...တက်မယ်လို့ သူမတွေးထားခဲ့တယ်...
ကုယွင်က တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး ဒေါသတွေ ထွက်မလာအောင် ထိန်းထားရသည်။
"ဟုတ်ကဲ့"
ကုယွင်က အကူအညီပေးသော စစ်သည်များနှင့်အတူ တောကို ရှင်းလင်းရေး အစီအစဉ်များ ပြုလုပ်ရန် ရှေ့သို့ ပြေးနေသည်။ သူမက အရပ်ရှည်သည့် လူနှစ်ယောက်ဖြစ်သည့် စုလင်းနှင့် ဟန်ရှုကို တွေ့လိုက်ရသောကြောင့် သူတို့ဆီ လှမ်းသွားလိုက်ပြီး "ဘာလို့ ဒီကို ရောက်နေတာလဲ?"
စုလင်း၏အနက်ရောင်မျက်လုံးများမှ ဖြာထွက်နေသော အပြုံးများကို မြင်လိုက်ရသာကြောင့် ကုယွင်က ချက်ချင်း ခေါင်းငုံလိုက်ပြီး သူ့အကြည့်များကို ရှောင်လိုက်သည်။
"ဒီနေ့ ပြိုင်ပွဲတစ်ခုရှိတယ်လို့ ကြားတယ်၊ အဲ့တာကြောင့် ကိုယ် လာကြည့်တာ" သူမမျက်နှာပေါ်မှ သဘာဝမကျသော အမူအရာကို မြင်လိုက်ရတာကြောင့် စုလင်းက စိတ်ကောင်းဝင်သွားသည်။ သူမ ရှက်နေတာကို သူအပေါ် နားလည်နိုင်သွားလို့မလား?
ဟန်ရှုက ရယ်မောလိုက်ပြီး "ငါလည်း လာကြည့်တာ"
စစ်သူကြီးအိမ်တော်တွင် ရေခဲများ ထူထပ်စွာ တည်ရှိနေကာ နေရာတိုင်းတွင် လတ်လတ်ဆတ်ဆတ် အရည်ပျော်ထားသော ရေခဲရေများလည်း ရှိနေသေးသည်။ သူလည်း ထိုအိမ်တော်ကြီးထဲတွင် မနေချင်ပေ။
ကုယွင်က သူမ၏ချောမောလှပသော ပါးစပ်ထောင့်လေးကို အနည်းငယ် မြှင့်တင်လိုက်ပြီး အားကိုးရာမဲ့ ဖြစ်နေသော အပြုံးဖြင့် "ရှင်တို့ မကြည့်ဘဲနေလိုက်တာက ပိုကောင်းပါတယ်" စုလင်းသာ ရှိနေရင် သူတို့ရဲ့ ရလဒ်နဲ့ စွမ်းဆောင်ရည်တွေက ပိုဆိုးလာလိမ့်မယ်။
"ဘာကို ဆိုလိုတာလဲ?"
ကုယွင်က ပြန်မရှင်းပြဘဲ ပခုံးသာ တွန့်ပြလိုက်သည်။ စုလင်းက နောက်ထပ်မေးခွန်းများ မမေးတော့ပေ။ ဟန်ရှုကလည်း ဘေးသို့ ထွက်ကာ ပြပွဲကို ကြည့်ရန်သာ စောင့်ဆိုင်းနေသည်။ သူမအပေါ် သူ့၏နားလည်မှုအရ ဤပြိုင်ပွဲက စိတ်ဝင်စားစရာ ဖြစ်နိုင်သည်။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"