Chapter 43.2 (Final)

1.4K 101 7
                                    

(ဇာတ်သိမ်းပိုင်း) အခန်း ၄၃ ကံကြမ္မာစေရာ (အပိုင်း၂)

ခုတော့ သူမနေဖို့ ဆုံးဖြတ်ပြီး ဖြစ်တာကြောင့် ကုယွင်က သူ့ကို ထပ်ပြီး လိမ်ညာရန် ရည်ရွယ်ချက် မရှိတော့ပေ။ ကုယွင်က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး " ချီရွှယ်နဲ့ ပင်းလျန့်ကို ကူညီဖို့ နည်းလမ်းရှာချင်လို့ ကျွန်မ မျိုးနွယ်စုခေါင်းဆောင်ဆီကို သွားခဲ့တယ်။ အခုန သူက ကျွန်မကို စုမိသားစုရဲ့ဒဏ္ဍာရီကို ပြောပြခဲ့တယ်"

"ဒီဒဏ္ဍာရီကို ကိုယ် ကြားဖူးနေတာ ကြာပါပြီ။ အဲ့ဒါကို အမွေဆက်ခံခဲ့ကြတာက နှစ်ပေါင်းတစ်ထောင်ကျော်ပြီ၊ မျိုးနွယ်စုတံဆိပ်က ဘယ်သူကိုမှ ခေါ်ဆောင်လာတာကို ကိုယ် မတွေ့ခဲ့ရပါဘူး။ ဘိုးဘေးတွေက သားစဉ်မြေးဆက်တွေကို နှစ်သိမ့်ပေးချင်လို့ ဒီလို ဇာတ်လမ်းမျိုး ထားခဲ့တာ ဖြစ်ရမယ်"

သူ အရွယ်ရောက်ပြီးတဲ့ နောက်မှာ မျိုးနွယ်စုခေါင်းဆောင်က သူ့ကို အဲ့ကောလဟာလတွေ ပြောခဲ့ဖူးပေမယ့် သူက အမြဲတမ်း ပယ်ချခဲ့တယ်။

"ဒါက ဇာတ်လမ်းမဟုတ်ရင် ဘယ်လိုလုပ်မလဲ?" ကုယွင်က စုလင်းကို ကြည့်လိုက်ပြီး "ကျွန်မက မျိုးနွယ်စုတံဆိပ်က ခေါ်ဆောင်လာတဲ့သူပဲ"

"ဘာလဲ?" စုလင်းထံတွင် မယုံနိုင်သော အကြည့်များ ရှိနေဆဲပင်။

ကုယွင်က သူက လွယ်လွယ်ကူကူ ယုံကြည်မှာ မဟုတ်ကြောင်း မှန်းဆမိလိုက်ပြီး တိုးလျသော အသံဖြင့် "ရှင် အမြဲတမ်း သိချင်နေခဲ့တာ ရှိတယ်မလား? ကောလဟာလတွေအရ ချင်းမော့က ဂီတ၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီတွေကို ကျွမ်းကျင်တဲ့ အမျိုးသမီးတစ်ယောက်ပါ၊ ဒါပေမယ့် ကျွန်မက ဘာလို့ ဒီလို ဖြစ်နေတာလဲ? ဘာလို့ ကျွန်မက ဓားသမားတစ်ယောက်ဖြစ်နေပြီး စစ်ရေးလေ့ကျင့်မှုတွေကို စိတ်အားထက်သန်တက်တဲ့ မဆင်မခြင် အမျိုးသမီးတစ်ယောက်ဖြစ်နေတာလဲ? ရှင် သိလား... အဲဒါက ကျွန်မက ချင်းမော့ မဟုတ်လို့ပါပဲ"

"မင်းက ချင်းမော့ မဟုတ်ဘူး၊ ဒါဆို 'မော့' ဆိုတဲ့ စကားလုံးက ဘာလို့ မင်းမှာ ရှိနေတာလဲ?" သူက ဘယ်တုန်းကမှ သံသယမဝင်ခဲ့တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် သူမရင်ဘတ်မှာ "မော့" ဆိုတဲ့ စာလုံးတကယ်ရှိနေတာကို သူကိုယ်တိုင် အတည်ပြုခဲ့တယ်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now