Chapter 5.2

1K 124 2
                                    

အခန်း ၅ စုလင်း ပြန်လာပြီ (အပိုင်း ၂)

လခြမ်းက ချိတ်လေးတစ်ချောင်းနှယ်‌ကွေးကောက်နေပြီး ကြယ်များက ကောင်းကင်အပြည့် စွန်းထင်းနေခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ဆူညံနေခဲ့သော တောကြီးမျက်မည်းက ယနေ့ညတွင် အထူး တိတ်ဆိတ်နေခဲ့သည်။ အမှောင်ရိပ်ကျနေသော တောအုပ်ထဲတွင် အရိပ်တစ်ခုမဆိုထားနဲ့ အလင်းရောင်ပင် မရှိချေ။

ထူထဲသော သစ်ပင်ကြီး၏နောက်မှ နက်မှောင်သော ရုပ်သွင်သဏ္ဍာန်တစ်ခုက ပင်စည်ကို မှီထားပြီး မျက်လုံးများကို အနည်းငယ်မှိတ်ထားကာ အလွန်သာယာနေပုံရသော်လည်း သူမ၏ပခုံးပေါ်တွင် လေးတစ်လက်နှင့် သူမ၏ကွေးထားသောခြေဖဝါးများအနီးတွင် မြှားရှည်များရှိနေပြီး သူမ၏ခါးတွင် သေးငယ်ကျစ်လျစ်ပြီး ထက်ရှသော ဓားမြှောင်တစ်ယောက်ကို ချိတ်ဆွဲထားသည်။ ခြုံငုံကြည့်လျှင် သူမက လက်နက်အပြည့်အ၀ စွဲကိုင်ထားတာ သိသာနေခဲ့သည်။

ဟုတ်တယ်၊ ကုယွင်က ဒီည အမဲလိုက်တော့မှာပါ....

ပြိုင်ပွဲကျင်းပရန် သုံးရက်သာကျန်တော့ပြီး သူမက ထိုလူငယ်စစ်သည်များ၏လေ့ကျင့်မှုကို ကျေနပ်နေခဲ့သည်။ တပ်သားသစ်များအကြောင်းပြောလျှင် သူတို့၏သန်မာမှု၊ တိုက်ခိုက်မှုစွမ်းအားနှင့် ရွေ့လျားနိုင်မှုတို့ကြောင့် ဤအဖွဲ့က စုမိသားစုစစ်တပ်၏ တပ်သားသစ်များထဲမှ အကောင်းဆုံးဖြစ်ကြောင်း စိတ်ချယုံကြည်စွာ ပြောနိုင်သည်။

ဒီနေ့ညတော့ လေ့ကျင့်မှုမရှိဘဲ သူတို့ကို အနားယူခွင့် ပေးထားခဲ့သည်။ ပထမအချက်အနေနဲ့ မနက်ဖြန်ညမှာလုပ်မယ့် လေ့ကျင့်ခန်းအတွက် ပြင်ဆင်ဖို့နဲ့ သူတို့ရဲ့ခွန်အားတွေကို ပြန်လည်အားပြန်စေချင်တာကြောင့်ပါ။ ဒုတိယအနေနဲ့.. ဒီည ဒီကြွက်ကြီးကို သူမ အမိဖမ်းချင်နေတယ်။

ငါးရက်ဆက်တိုက်ကြာအောင် ချောင်းမြောင်းခံနေရတဲ့ ခံစားချက်က တဖြည်းဖြည်းနဲ့ တစ်စုံတစ်ယောက်က သူမကို စောင့်ကြည့်နေတယ်ဆိုတဲ့ ခံစားချက်ကို ပိုသေချာလာစေခဲ့သည်။ ဒီညတော့ သူမမှာ အချိန်ရှိနေတာကြောင့် ထိုလူနှင့် တွေ့ဆုံနိုင်တော့မည် ဖြစ်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now