Chapter 35.3

813 103 2
                                    

အခန်း ၃၅- လက်နက်အပြည့်အစုံ (အပိုင်း ၃)

ဆောင်းညတွင် တိုက်နေသောလေက ထုံကျင်ကိုက်ခဲနေအောင် မအေးသော်လည်း မျက်နှာကို တိုက်လာသော လေအေးက လူများကို အနည်းငယ် တုန်ယင်နေစေသည်။ လေ့ကျင့်ရေးကွင်းအနောက်ဘက်မှ တောအုပ်ထဲတွင် အရပ်ရှည်ရှည်ပုံရိပ်တစ်ခုနှင့် ပုပုသေးသေးပုံရိပ်တစ်ခု ဘေးချင်းကပ်လျက် လျှောက်လာနေကြသည်။ အမျိုးသားက သူ့၏အနက်ရောင်ဝတ်ရုံကို အမျိုးသမီး၏ ပခုံးပေါ်သို့ တင်ပေးလိုက်သော်လည်း စကားတစ်ခွန်းမှ မပြောဘဲ သူ့ဘာသာသူ ရှေ့သို့ ဆက်လျှောက်နေသည်။

ရုတ်တရတ် နွေးထွေးသွားသလိုခံစားလိုက်ရတာကြောင့် ကုယွင်က သူမပုခုံးပေါ်မှ ဝတ်ရုံရှည်ကို ကိုင်လိုက်ပြီး "ကျွန်မ မအေးပါဘူး"

ရာသီဥတုကလည်း မအေးသလို သူမကလည်း အဲ့လောက်အရမ်းမပျော့ညံပါဘူး။

စုလင်းက သူမကို မကြည့်ဘဲ အေးစက်စက် အသံဖြင့် "သေချာ ဝတ်ထားလိုက်"

ကုယွင်က သူမဘေးနားမှ မျက်နှာမှိုင်းညို့နေသောလူကို ကြည့်လိုက်ကာ အတွေးများ ရှုပ်ယှက်ခတ်သွားပြီး "ရှင် စိတ်ဆိုးနေတာလား?"

နေ့လည်ကတည်းက သူ့မျက်နှာက ညိုးနွမ်းနေပြီး ညနေစောင်းမှာ လေ့ကျင့်ရေးကွင်းကို အတူတူသွားခဲ့ကြပေမယ့် တစ်ညနေလုံး သူမကို စကားတစ်ခွန်းမှ မပြောခဲ့ပေ။

သူ ဒေါသထွက်နေမှန်း သူမ သိနေပေမယ့် သူ ဘာကို ဒေါသထွက်နေလဲဆိုတာကိုတော့ သူမ နားမလည်နိုင်ပါဘူး။ သူမက သင်တန်းကို လျှို့ဝှက်ထားမယ်လို့ ပြောပြီး သင်တန်းကို ဘယ်သူ့ကိုမှ စောင့်ကြည့်ခွင့်မပေးလို့လား? တွေးကြည့်တော့လဲ အဲ့တာလို့တော့ မထင်ရပြန်ဘူး။ ကုယွင်က သက်ပြင်းချလိုက်သည်။ အရင်တုန်းကတော့ သူ့ရဲ့နားမလည်နိုင်တဲ့ ဒေါသတွေကို သူမ ဂရုမစိုက်ခဲ့ပေမဲ့ အခုတော့ ရုတ်တရက် သူ့ခံစားချက်တွေကို သူမ သိချင်လာမိတယ်။

"မဟုတ်ဘူး" သူ့အသံက အေးစက်ပြီး ခံစားချက်မဲ့နေသေးပေမယ့် သူ့ခြေလှမ်းတွေက ပိုမြန်လာသည်။

လိမ်နေတယ်! ကုယွင်က ရိုးရိုးရှင်းရှင်း ရပ်တန့်လိုက်ပြီး "ဘာလို့လဲ?"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now