Chapter 17(11/12)

692 67 0
                                    

အခန်း ၁၇ ထူးဆန်းသောဖြစ်ရပ် (အပိုင်း ၁၁)

ကုယွင်က တိတ်တဆိတ် အံကြိတ်လိုက်ပြီး အနက်ရောင်၀တ်စုံနှင့်လူ၏ရှေ့သို့ တိုးကပ်ရန် ဆုံးဖြတ်လိုက်သည်။ သူမက ထိုလူထက် အရပ်ပုသောကြောင့် ဓားကို အလွယ်တကူ ရှောင်တိမ်းနိုင်မည်ဖြစ်သည်။

ဒါပေမယ့် သူမ မလှုပ်ရှားနိုင်သေးခင်မှာ ရုတ်တရက် သူမခါးတစ်ဝိုက်တွင် တင်းကျပ်မှုတစ်ခု ခံစားလိုက်ရပြီး သူမ သတိဝင်လာချိန်တွင် လက်ကြီးနှစ်ဖက်က သူမကို ပွေ့ဖက်လိုက်ပြီး ထိုလက်တစ်စုံက ငွေရောင်အလင်းတန်းကို ကြားဖြတ်ဟန့်တားလိုက်သည်။ စွဲမက်ဖွယ်ကောင်းသော ရနံ့တစ်ခုက တစ်ခန်းလုံးကို လွှမ်းခြုံသွားပြီး သူ့လက်ချောင်းထိပ်တွင် အနီရောင်အရည်များ ရွှဲနစ်နေသည်။ ကုယွင်က သူမဘေးမှ အနက်ရောင်အဝတ်အစား ဝတ်ထားသော ငွေရောင်ဆံပင်ပိုင်ရှင် အော်ထျန်းကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့အေးစက် နေသော်လည်း၊ နာကျင်မှု အရိပ်အယောင် အနည်းငယ်မျှတောင် မမြင်ခဲ့ရပေ။ ရွဲစိုနေသော သွေးများက သူ့သွေးများ မဟုတ်သလို ဖြစ်နေခဲ့သည်။ အမှောင်ညတွင် ထိုလူက လျှို့ဝှက်ဆန်းကြယ်သော ဆွဲဆောင်မှုတမျိုး ထုတ်ပေးနေတာကြောင့် ကုယွင်က အနည်းငယ် စိတ်ရှုပ်သွားပြီး အနက်ရောင်ဝတ်ရုံပိုင်ရှင်ကိုလည်း အာရုံလွဲသွားခဲ့သည်။

အော်ထျန်းက သူ့လက်ဖဝါးတွင် စွမ်းအားတစ်ခုကို စုစည်းလိုက်ပြီး သူ့လက်ကို လှည့်လိုက်ရာ အနက်ရောင်ဝတ်ရုံပိုင်ရှင်က သူ့ထံမှ အလွန်ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး ထိတ်လန့်သွားကာ ပြတင်းပေါက်ဆီသို့ ခုန်ဆင်းသွားသည်။

ခြံဝင်းထဲတွင် လှံရှည်များကို ကိုင်ဆောင်ထားသော စစ်သည်များက အဆင့်သင့် ဝန်းရံထားခဲ့ပြီး အနက်ရောင်၀တ်ထားတဲ့လူက လိပ်ကို အိုးထဲက ထည့်လိုက်သလို ဖြစ်သွားခဲ့သည်။ အနက်ရောင်၀တ်ထားတဲ့လူက သူ့ကို ဖမ်းဖို့ အစီအစဥ်ကောင်းတစ်ခု ရှိနေတာကို နားလည်လိုက်ပြီး သူ့မျက်လုံးတွေကို မှိတ်ချလိုက်သည်။ တကယ်တော့ သူ့ကို ထောက်ချောက်ထဲ ဝင်လာစေချင်တာ မဟုတ်ရင် စစ်သူကြီးအိမ်တော်ဆိုတာ အလွယ်တကူ ဝင်လို့ရနိုင်မယ့်နေရာ မဟုတ်ပါဘူး။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now