Chapter 28.2

927 99 0
                                    

အခန်း ၂၈- အကြီးအကဲများ (အပိုင်း ၂)

စစ်သူကြီးအိမ်တော်.... ယဲ့ထျန်းခြံဝင်းတွင်...

နောက်ဆုံးတိုက်ပွဲအပြီးတွင် စုလင်းနှင့် အော်ထျန်းတို့ကြောင့် ခြံဝင်းတစ်ခုလုံးက ရှုပ်ယှက်ခတ်နေသော အခြေအနေတွင် ရှိနေသည်။ အချို့သော ပြုပြင်မှုများ အပြီးတွင် ခြံဝင်းက ယခင်ကထက် ပိုမို၍ လူသားဆန်လာခဲ့သည်။ နောက်ဆုံးတွင် မြေပြင်ပေါ် မထိုင်ရစေရန် စားပွဲနှင့် ထိုင်ခုံများ ရှိလာသည်။ ခြံဝင်းအတွင်းရှိ သစ်ပင်များက မီးလောင်ပျက်စီးသွားခဲ့သဖြင့် စုရန်က အနောက်တောင်ကုန်းမှ သစ်ပင်အိုကြီးအချို့ကို ပြောင်းရွှေ့စိုက်ထားခဲ့ပြီး အရိပ်များက ခြံတစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေသည်။ ခြံထဲမှ အရိပ်အာဝါသများက လူများကို အလွန်သက်တောင့်သက်သာရှိစေပြီး မျက်စိဖြင့် မြင်နိုင်သောအရာမှန်သမျှက စိမ်းလန်းစိုပြေနေသည်။ စိမ်းလန်းစိုပြေနေသော သစ်ပင်ပန်းမာန်များက လှပနေသည်မှာ မှန်ကန်နေသော်လည်း စုရန်တွင် ထူးခြားဆန်းကြယ်သော အာရုံခံစားမှုတစ်ခုရှိကြောင့် အခုမှ သူမ သဘောပေါက်လာသည်။

အသစ်စက်စက် စတုရန်းပုံကျောက်စားပွဲပေါ်တွင် အအေးဆေးဖက်ဝင် ဟင်းချိုပန်းကန်တစ်လုံး ချထားပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။

"ရှင် အခုတလော အလုပ်များနေတာ မဟုတ်ဘူးလား?" ကုယွင်က အေးစက်စွာ နှာမှုတ်ရင်း မေးလိုက်သည်။

"တကယ်တော့ အလုပ်က သိပ်မရှုပ်ပါဘူး"

ကုယွင်က "ရှင့်မှာ လုပ်စရာ မရှိဘူးလား?"

"မင်း ဒီဆေးကို နာနာခံခံနဲ့ သောက်လိုက်ရင် ကိုယ် တခြားအရာတွေလုပ်ဖို့ အချိန်ပိုရလိမ့်မယ်" သူမပါးစပ်ထဲကို တစ်နေ့သုံးကြိမ် ရောက်ဖို့ ဘာကြောင့် ခက်ခဲနေမှန်း သူ မသိဘပေမယ့် သူ့ရဲ့စိတ်ရှည်သည်းခံမှုကတော့ ပိုကောင်းလာခဲ့သည်။

"ကျွန်မ နေကောင်းနေပါပြီ"

စေ့စပ်ဆွေးနွေးလို့ ရနိုင်တဲ့ နေရာ မဟုတ်ဘူး! စုလင်းက "တော်ဝင်သမားတော်က နောက်ထပ် လဝက်လောက် ဆေးသောက်ရမယ်လို့ ပြောတယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now