Chapter 37.2

340 58 0
                                    

အခန်း ၃၇ ဓားစာခံများကို ကယ်တင်ခြင်း (အပိုင်း ၂)

စုလင်းက ယန်းဟုန်ထျန်းကို ပြန်ကြည့်လိုက်ပြီး ထိုလူ၏မျက်လုံးများထဲမှ စိတ်အားထက်သန်ပြီး လေးနက်သည့် အကြည့်တစ်ချက်ကို မြင်လိုက်ရသည်။ စုလင်းကလည်း စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။

"ကောင်းပြီ"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တိတ်တဆိတ် နားလည်မှုဖြင့် တစ်ချိန်တည်း စတင်လိုက်ကြသည်။ ခဏအတွင်း အရပ်ရှည်သောပုံရိပ်နှစ်က ချောက်ကမ်းပါးပေါ်သို့ တစ်ဆင့်ချင်း ခုန်တက်သွားကြသည်။ စုလင်းက အတွင်းအားပြင်းပြင်းနှင့် ခွန်အားအပြည့်ရှိနေသောကြောင့် သူက ခြေတစ်လှမ်းကပင် နှစ်ကျန်းထက်ပိုခုန်နိုင်သည်။ ယန်းဟုန်ထျန်းကလည်း အလွန်ကောင်းမွန်သော ကိုယ်ဖော့စွမ်းရည်ကို ပိုင်ဆိုင်သောကြောင့် သူ့၏ပေါ့ပါးသောခန္ဓာကိုယ်က ကျောက်နံရံပေါ်ကို မထိလုနီးပါး ခုန်တက်နိုင်သည်။ နှစ်ယောက်သား တောင်ထိပ်သို့ တပြိုင်တည်းနီးပါး ရောက်သွားကြသော်လည်း စုလင်း၏ မျက်နှာက နီရဲနေပြီး အသက်ရှုမဝသလို ဖြစ်နေသည်။ တစ်ဖက်တွင်လည်း ယန်းဟုန်ထျန်း၏ အသက်ရှုသံက အနည်းငယ် ဖရိုဖရဲဖြစ်နေသည်။

ယန်းဟုန်ထျန်း နန်းမတက်ခင်တုန်းက သူတို့နှစ်ယောက်ဟာ ဒီလိုတောင်ထိပ်တွေကို မကြာခဏ အတူတူ ပြိုင်တက်ကြပြီး တောင်ထိပ်များပေါ်တွင် အတူတကွ ရပ်နေဖူးကြသည်။ သူ နန်းတက်ပြီးတဲ့နောက်မှာတော့ ဆယ်စုနှစ်တစ်ခုစာလောက်အထိ ဒီလိုဆော့ကစားတာတွေကို မလုပ်နိုင်တော့ပါဘူး။ သူတို့၏ငယ်ဘဝများအကြောင်းကို ပြန်တွေးလိုက်မိတာကြောင့် စုလင်းက ပြုံးလိုက်ပြီး "အရှင့်က ကိုယ်ခံပညာလေ့ကျင့်မှုကို လျစ်လျူမရှုထားဘူးပဲ"

ပုံမှန် အသက်ပြန်ရှူနိုင်ရန် အချိန်အတော်ကြာ စောင့်လိုက်ရသော ယန်းဟုန်ထျန်းက ပြုံးလိုက်ပြီး "ကျန်းက မင်းထက် ပိုမြန်တယ်"

သူ စုလင်းနဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တာ ဆယ်စုနှစ်တစ်ခုတောင် ရှိခဲ့ပြီ။ အဲ့တုန်းက ဆောင်းရာသီရဲ့ ညနေခင်းနေရောင်က တကယ်ကို နွေးထွေးလွန်းတယ်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now