Chapter 38.1

722 86 1
                                    

အခန်း ၃၈ ကုယွင်၏နှလုံးသား (အပိုင်း ၁)

ဝန်ကြီးချုပ်အိမ်တော်ကို ရောင်စုံမီးပုံးများဖြင့် အလှဆင်ထားပြီး လူများစည်ကားနေသောကြောင့် အလွန်အသက်ဝင်နေသည်။ အနီရောင်ဖဲကြိုးများကို နေရာတိုင်းတွင် မြင်တွေ့နိုင်ပြီး ဆောင်းလယ်ည၏မီးပုံးနီများက လိမ္မော်ရောင်အလင်းတန်းများကို ရောင်ပြန်ဟပ်နေစေသောကြောင့် ဝန်ကြီးချုပ်အိမ်တော်ကြီးတစ်ခုလုံးကို နွေးထွေးမှုအပြည့်ဖြင့် လင်းထိန်နေစေသည်။

ပင်မခန်းမကြီးထဲမှ လူအားလုံးက သတို့သားကို အရက်အပြည့် ထည့်ခိုင်းနေကြပြီး အလုပ်ရှုပ်နေကြသည်။ ကျင်းစက အရမ်းပျော်နေသောကြောင့် သူ့၏အမြဲအေးစက်ပြီး တင်းတင်းမာမာဖြစ်နေတက်သည့် မျက်နှာတွင် အေးစက်မှုများ ရှိမနေတော့ဘဲ သူ့ဆီ မကြာခဏ ရောက်လာသော မင်္ဂလာအရက်ကို ပြုံးပြုံးရွှင်ရွှင် လက်ခံနေသည်။ သုံးကြိမ်ခန့်သောက်ပြီးနောက်တွင် သူ့မျက်နှာက နီရဲနေပြီး သူ့မျက်လုံးများ မှိုင်းဝေနေပြီ ဖြစ်သည်။ ဝန်ကြီးချုပ်အိမ်တော်၏ သခင်ဖြစ်သော လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးနေပြီး ဆူဆူညံညံ လုပ်နေသော လူများ၏လက်မှ ကျင်းစကို ကယ်ဆယ်ရန် ရည်ရွယ်ချက် မရှိပုံဖြင့် အေးအေးဆေးဆေး လှမ်းကြည့်နေသည်။ ပုံမှန်အားဖြင့် အခြားသူများကလည်း ကျင်းစကို လွှတ်မပေးရန် ပို၍ပင် ဆန္ဒရှိလာကြသည်။

အရက်ခွက်ကို ကိုင်ထားသော စုလင်းက သူ့အတွက် စီစဉ်ပေးထားသော ပင်မစားပွဲတွင် ထိုင်နေရင်း စိတ်ပျက်လက်ပျက်ဖြစ်နေရှာသည်။ သူက ဤကဲ့သို့သောအချိန်အခါများတွင် ပါဝင်လေ့ မရှိခဲ့ပေ။ ယေဘူယျအားဖြင့် သူက ဂုဏ်ပြုကြောင်းပြောပြီး မကြာခင် ပြန်ထွက်ခွာလေ့ရှိသည်။ ဒါပေမယ့် ဒီနေ့တော့ သူ ချက်ချင်း မပြန်နိုင်သေးဘူး။ သူ့ဘေးနားက ထိုင်ခုံက လွတ်နေသေးတယ်၊ သူမ ပြန်မလာသေးဘူး။ အဲ့တာကြောင့် သူ ပြန်လို့ မဖြစ်သေးဘူး။

ဘာပဲဖြစ်ဖြစ် သူမတို့ ညီအစ်မတွေ တွေ့ဆုံနိုင်ဖို့က ရှားပါလွန်းတယ်၊ အဲ့ဒါကြောင့် တွေ့ရတဲ့အချိန်လေးမှာ သူမတို့ စကားစမြည်ပြောကြတာက သူ့အတွက် ဘာပြဿနာမှ မရှိဘူး၊ သူ သူမကို စောင့်ပေးနိုင်တယ်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now