Chapter 22.1

1K 84 0
                                    

အခန်း ၂၂ ငွေရောင်ဆံပင်နဲ့လူသတ်သမား (အပိုင်း ၂)

ရုံးတော်အရာရှိများနှင့် အမူထမ်းများက ရုပ်အလောင်းနှင့် သက်သေများကို တရားစီရင်ရေးဌာနသို့ ပြန်ပို့ခဲ့သည်။ ကုယွင်က နန်းတော်တံခါးသို့ ပြန်သွားပြီး စုလင်းနှင့် အခြားသူများက နန်းတော်ထဲမှ ပြန်ထွက်လာသည်။ ကျွော့ချင်းဘေးတွင် ရပ်နေသော လီု့ရှီးယန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာကြောင့် ကုယွင်က "အားလုံး အဆင်ပြေသွားပြီလား?"

ကျွော့ချင်းက ပေါ့ပေါ့တန်တန် ခေါင်းညိတ်ရင်း တခစ်ခစ် ရယ်နေကာ "သူပုန်တွေနဲ့ပတ်သက်တဲ့ အဲ့ဒီစာရွက်စာတမ်းနဲ့ အထောက်အထားတွေက မယုံနိုင်စရာ ဖြစ်နေတယ်ဆိုတာကို သက်သေပြခဲ့ပြီးပြီ။ အခုတော့ အနောက်ဆောင်မယ်တော်မိဖုရားကြီးက သူ့ကိုယ်သူတောင် မကာကွယ်နိုင်ဖြစ်နေပြီ၊ ငါတို့ကို ဒုက္ခမပေးနိုင်တော့ဘူး"

သူတို့နှစ်ယောက်၏ မလွတ်တမ်း ဆုတ်ကိုင်ထားသော လက်နှစ်ဘက်ကို ကြည့်ရင်း ကုယွင်က သက်ပြင်းချလိုက်ကာ "ထွက်လာနိုင်တာ ကောင်းတယ်!"

ကုယွင်က အခုန သယ်ဆောင်သွားသော ရုပ်အလောင်းကို ပြန်သတိရသွားပြီး "ခုနက လူသတ်မှုတစ်ခုရှိတယ်။ သေဆုံးသူက မိန်းခလေးပဲ၊ သူ သေသွားရတဲ့ပုံက အရမ်းကြေကွဲစရာကောင်းတယ်"

ကျွော့ချင်းက တွေးတောင်မတွေးဘဲ "ငါ့ကို ကြည့်ဖို့ ခေါ်သွားပေး"

စုလင်းနှင့် လို့ရှီးယန်တို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မချိပြုံးပြုံးနေကြကာ ခေါင်းယမ်းနေကြရင်း တရားစီရင်ရေးဌာနသို့ အမြန် လိုက်ပါသွားကြသည်။

****

တရားစီရင်ရေးဌာန၏ ရင်ခွဲရုံတွင်....

"သေဆုံးသူက အရပ်ငါးပေနဲ့ တစ်လက်မခန့်ရှိတဲ့ အမျိုးသမီး၊ အသက်ဆယ့်ခြောက်နှစ်ကနေ နှစ်ဆယ်ကြား၊ လည်ပင်းမှာ ညိုမဲဒဏ်ရာများနဲ လက်ရာတွေ တွေ့ရှိရတယ်၊ သေဆုံးရတဲ့ အကြောင်းရင်းက သန်မာတဲ့လက်ချောင်းအားကို သုံးပြီး လည်ချောင်းရိုးကို ကျိုးသွားစေခြင်းပဲ"

အမျိုးသမီးအလောင်းကို သစ်သားဘုတ်ပေါ်တင်ထားပြီး ကျွော့ချင်းက သေဆုံးသူ၏ခန္ဓာကိုယ်ကို ကျွမ်းကျင်စွာ အေးအေးဆေးဆေး စစ်ဆေးကြည့်ရှုနေသည်။ လုကျင်းက သူမပြောသမျှစကားတိုင်းကို မှတ်တမ်းတင်ရန်အတွက် သူ့လက်ထဲတွင် စုတ်တံနှင့် စာရွက်ကို ကိုင်ကာ ဂရုတစိုက် နားထောင်နေသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now