(ဇာတ်သိမ်းပိုင်း) အခန်း ၄၃ ကံကြမ္မာစေရာ (အပိုင်း၁)
နွေဦးရာသီက ပူနွေးလာပြီး ပန်းတွေက လှလှပပ ဖူးပွင့်နေကြတယ်။ မြင်နေရသမျှ အရာအားလုံးက အနီရောင်နဲ့ အစိမ်းတွေ ပြည့်နေပြီး လှပတဲ့ မြင်ကွင်းတွေကို ပုံဖော်ပေးနေတယ်၊ ဒါပေမယ့် အဲ့တာတွေကို ဆယ်ရက်ကျော်ကြာအောင် ကြည့်ပြီးရင်တော့ ဘယ်သူမဆို ငြီးငွေ့သွားနိုင်တယ်။
ကုယွင်က ဇက်ကြိုးကို တင်းနေအောာင် ဆွဲလိုက်သောကြောင့် သူမ၏မြင်းက ရပ်တန့်သွားသည်။ သူမက သူမဘေးနားမှ စုလင်းနှင့် စုရန်ကို တစ်ချက်ကြည့်ကာ မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး "ကျွန်မတို့ ရောက်ခါနီးပြီလား?"
"မင်း အခု စုမိသားစုရဲ့ မြေကြီးပေါ်မှာ ရပ်နေပြီ"
စုရန်၏မျက်နှာပေါ်မှ အပြုံးက အနည်းငယ် ထူးဆန်းနေသည်။ ကုယွင်က "မနက်ကမှ မြို့ငယ်လေးကို ဖြတ်ခဲ့တာ အခု စုမိသားစုရဲ့နယ်မြေ ဖြစ်လာပြီလို့ ကျွန်မကို မပြောနဲ့နော်"
စုရန်က ခေါင်းယမ်းလိုက်သည်။ ကုယွင်က "ဘာမှတော့ မဟုတ်ပါဘူး"ဟု ပြောတော့မည် ဖြစ်သော်လည်း စုရန်က ဆက်ပြောလာသည်။ "ဖုန်းရှန်မြို့ကိုလည်း စုမိသားစုက ပိုင်ဆိုင်တယ်"
အား? အဲ့ဒါက ချဲ့ကားလွန်းနေပြီ။ ကုယွင်က သူမဘေးမှ စုလင်းကို ကြည့်လိုက်ပြီး "ဒါဆို ရှင်က အရမ်းချမ်းသာတဲ့သူပဲ၊ စစ်သူကြီးအိမ်တော်က အရမ်းချမ်းသာနေတာ မဆန်းတော့ပါဘူး!" ကျဉ်ကာအင်္ကျီကိုတောင် ရွှေကြိုးနဲ့ လုပ်နိုင်ခဲ့တာလေ..တွေးကြည့်စရာတောင် မလိုတော့ဘူး။
စုလင်းက မျက်ခုံးပင့်နေကာ အနည်းငယ် ပြုံးလိုက်ပြီး "ကိုယ်က ချမ်းသာတဲ့သူဆိုတော့ မင်းက ဘယ်သူဖြစ်လာမလဲ?"
ကုယွင်က ခဏလောက် မှင်သက်သွားသော်လည်း စုရန်က သူမကို မျက်နှာသာ မပေးဘဲ ရယ်မောလိုက်သည်။ ကုယွင်က သူတို့ကို မျက်စောင်းထိုးလိုက်ပြီး သူတို့ကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။ သူမက စိမ်းလန်းသော တောင်တန်းများ၊ သန့်ရှင်းသောရေပြင်များနှင့်အတူ ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူများကိုသာ အာရုံစိုက်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သာယာလှပတဲ့ ရှုခင်းတွေကို ခံစားတာက အကောင်းဆုံးပဲ။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"