Chapter 17 (5/6)

753 69 0
                                    

အခန်း ၁၇ ထူးဆန်းသောဖြစ်ရပ် (အပိုင်း ၅)

တရားစီရင်ရေးဌာနတွင်..

"ကျွန်မ မေးထားတဲ့ မှတ်တမ်းတွေကို ရှာတွေ့ပြီလား"

ချန်ဟန့်က သူ စုစည်းထားသော မှတ်တမ်းများကို စားပွဲပေါ်တင်လိုက်ပြီး "တွေ့ပြီ၊ အဲဒါကို မရှာကြည့်ရင် သတိထားမိမှာတောင် မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်းမှာ ချုံယွဲ့မှာ ဒီလို နှလုံးခိုးယူတဲ့ အမှု နှစ်ခုထက်ပိုပြီးရှိခဲ့ပေမယ့် လူသတ်မှုတွေကတော့ ဒီလိုမျိုး အတွဲလိုက် မဟုတ်ဘူး၊ တချို့ အမှုတွေက ဖြေရှင်းပြီး လူသတ်မှုကျူးလွန်သူတွေကို အပြစ်ပေးပြီးနေပြီ။ တချို့ကိစ္စတွေကတော့ မဖြေရှင်းရသေးဘဲ အမှုဟောင်းတွေ ဖြစ်နေပြီ။ တကယ်က ဆယ့်သုံးခုလောက်ရှိနေပြီ!"

သူက အဲ့တာတွေကို ရှာတွေ့ဖို့ ရုံးတော်က အမူထမ်း တစ်ဒါဇင်ကျော်ကျော်လောက်ကို အသုံးပြုခဲ့ပြီး တစ်ညလုံး ချိန်ယူခဲ့ရသည်။

မူလက ပျင်းပျင်းရိရိနဲ့ မေးထောက်ထိုင်နေသော ကျွော့ချင်းတောင်မှ သူ့စကားများကို နားထောင်ပြီးနောက် တက်ကြွလာကာ "သေဆုံးသွားတဲ့သူတွေက မိန်းခလေးတွေလား? သူတို့အားလုံးက အတွင်းဆောင်မှာ သေဆုံးပြီး နှလုံးအခိုးခံရလို့ သွေးထွက်လွန်လို့ သေဆုံးကုန်ကြတာလား? သူတို့မျက်နှာမှာရော ကြောက်ရွံ့နေတဲ့ ပုံသဏ္ဍာန်တွေရှိလား?"

ဒါတွေအားလုံးက နှလုံးကို ခိုးယူတဲ့ အမူတွေ ဖြစ်ခဲ့ပေမယ့် သူတို့ကို လူတစ်ယောက်တည်းက လုပ်ခဲ့တာ မဟုတ်ဘူးလား။

"အင်း၊ သူတို့တွေ အားလုံးက အမျိုးသမီးတွေပါ။ ဒါပေမယ့် အတွင်းဆောင်မှာ ဖြစ်ခဲ့တဲ့ လူသတ်မှုကနှစ်ခုပဲ ရှိတယ်၊ ဒါပေမယ့် သူတို့ နှစ်ယောက်စလုံးက နှလုံးဖောက်ခံရပြီး သွေးထွက်လွန်လို့ သေဆုံးသွားတယ်။ ကျန်တာတွေက သေချာစစ်ဆေးထားတဲ့ စာရွက်စာတမ်း အထောက်အထား မှတ်တမ်း မရှိဘူး"

အဆိုပါ စာတမ်းများကို နေရာအသီးသီးမှ အစီရင်ခံထားခြင်းဖြစ်ပြီး လူသတ်မှု မှတ်တမ်းများနှင့် အလောင်းစစ်ဆေးခြင်း နည်းလမ်းများကိုလည်း သေချာ မသိနိုင်တော့ပေ။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now