အခန်း ၃၃ စုလင်း၏ ဝန်ခံချက် (အပိုင်း ၁)
ညဘက်တွင် အကောင်းဆုံး အကာအကွယ်ပေးနိုင်သည့်အရောင်က အမှောင်ထုဖြစ်ပြီး ၎င်းက ထောင့်စွန်းတွင် ထိုင်နေသော အမျိုးသမီးကို ဖုံးကွယ်ပေးထားရုံသာမက လမ်းကြားအဆုံးမှ အမှောင်ထဲတွင် ပုန်အောင်းနေသော အမျိုးသားကိုလည်း ဖုံးကွယ်ပေးထားသည်။
ဒီလိုမျိုး အထီးကျန်ပြီး အားကိုးရာမဲ့ဖြစ်နေတဲ့ သူမကို သူ တစ်ခါမှ မမြင်ဖူးပါဘူး။ သူ့မှတ်ဥာဏ်ထဲမှာတော့ သူမက ခွန်အားအပြည့်၊ ယုံကြည်မှုအပြည့်နဲ့ ဖြစ်နေတက်ပြီး သူမနှုတ်ခမ်းပေါ်က အမြဲတမ်း တင်းမာပြီး မောက်မာအေးစက်တဲ့ အပြုံးတွေနဲ့ စူးရှတဲ့ မျက်ဝန်းနက်နက်တွေက အခြားလူတွေကို သူမဆီကနေ မျက်လုံးမခွာနိုင်လောက်အောင် ဖြစ်စေခဲ့တယ်။ ဒီည သူမ ဘာလို့ အရမ်း ဝမ်းနည်းနေရတာလဲ?
အနက်ရောင်မျက်လုံးများက အဝေးတွင် ထိုင်နေသော အမျိုးသမီးကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူက သူမနဲ့ နီးကပ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ခြေတစ်လှမ်းတောင် မလှမ်းနိုင်သေးပါဘူး။ သူ့လက်ထဲတွင် သူမ၏ဒဏ်ရာကို မြန်မြန်သက်သာလာစေရန် မျှော်လင့်ပြီး ဆရာသခင်ထံမှ သူ တောင်းယူခဲ့သော သက်စောင့်ဆေး ရှိနေသည်။ ဒါပေမယ့် သူ စစ်သူကြီးအိမ်တော်ရှေ့မှာ တစ်နေကုန် ရပ်နေခဲ့ပြီး သူမနှင့်တွေ့ဆုံရန် လုံလောက်သော သတ္တမရှိခဲ့ပေ။ သူမအတွက် ဆေးကို ချမ်ကျင်းကို ပို့ဆောင်ခိုင်းရန်သာ သူ ဆုံးဖြတ်လိုက်သည်။
သူ သူမကို ဘယ်လိုရင်ဆိုင်ရမှန်း မသိသေးပါဘူး။ သူမရင်ဘတ်ကို ဓားနဲ့ ထိုးလိုက်တဲ့အချိန်မှာ အဲ့ဓားက သူ့နှလုံးသားကိုပါ ထိုးဖောက်သွားခဲ့တာပါ။ သူမ အသက်ရှင်နေသေးသည့်တိုင်အောင်၊ သူမကိုယ်တိုင်က ထိုအစီအစဥ်ကို အဆိုပြုခဲ့သော်လည်း ယဲ့မိန်အတွက် သူမနှလုံးသားကို ဓားဖြင့် ထိုးလိုက်မိသော အေးစက်သည့် ခံစားချက်များကို သူ မတွန်းလှန်နိုင်သေးပေ။
သူက သူမအနားမှာ ရှိနေဖို့ အရည်အချင်းမရှိတော့ဘူးဆိုတာကို သူ သိပေမယ့် ဒီည သူမ အရမ်းဝမ်းနည်းပြီး အထီးကျန်နေတာကို မြင်နေရတာကြောင့် သူ သူမအနားတွင် နေပေးချင်နေမိသည်။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"