Chapter 20.2

529 41 0
                                    

အခန်း ၂၀ နောက်ထပ်ပြဿနာ (အပိုင်း ၂)

ဝန်ကြီးချုပ်အိမ်တော်အပြင်ဘက်တွင် စုဝေးနေသူများက လူစုခွဲလုနီးပါးဖြစ် နေပေမယ့် ဝန်ကြီးချုပ်အိမ်တော်ကြီးအတွင်းထဲမှာတော့ အခမ်းအနားကို တက်ရောက်သော တော်ဝင်ဆွေမျိုးများနှင့် အရာရှိများအားလုံး စုဝေးနေကြပြီး ဝန်ကြီးချုပ်အိမ်တော်၏ ထောင့်စွန်းများအထိ ပြည့်ကျပ်နေသေးသည်။ ကုယွင်က ကျွော့ချင်းအနားယူနေသည့်အခန်းကို ရှာဖွေရန် စိတ်အားထက်သန်နေပြီး အဝေးကနေ လှမ်းကြည့်လိုက်ချိန်တွင် လူများပြည့်ကျပ်နေသော အဓိကခန်းမကြီးကို သူမ မြင်လိုက်ရသည်။ သူမ တစ်ချက်ကြည့်လိုက်တော့ လို့ရှီးယန်က ကျွော့ချင်းကို ပင်မခန်းမဆီသို့ ခေါ်ဆောင်သွားသည်ကို မြင်လိုက်ရသည်။

ကုယွင်က လူအုပ်ကြားမှ တိုးထွက်နေရပြီး နောက်ဆုံးတွင် အခမ်းအနားမှူး၏ ကျယ်ကျယ်လောင်လောင် အော်သံကို သူမ ကြားလိုက်ရသည်။ "ကြင်စဦးလေးမောင်နှံ ဂါရဝပြုပါမယ်!"

လို့ရှီးယန်၏မျက်လုံးများက ကြည်လင်နေသော်လည်း သူ့မျက်နှာက အနည်းငယ်နီနေပြီဖြစ်သည်။ သူက အရက် အတော်များများ သောက်ထားရနိုင်သည်။ သူတို့က ပင်မခန်းမတွင် ရပ်နေကြတာကြောင့် ကုယွင်က ချင်းနှင့် စကားမပြောနိုင်မီ သူတို့ ကန့်တော့ပြီးသည်အထိ စောင့်ဆိုင်းရတော့မည်ပင်။

"ကောင်းကင်နဲ့မြေကြီး အရိုအသေပေးပါ"

ဓလေ့ထုံးတမ်းရေးရာ အရာရှိ၏ စူးစူးရှရှအသံက အချိန်အတော်ကြာအောင် ထွက်ပေါ်နေပြီး  ကြင်စဦးဇနီးမောင်နှံက ကောင်းကင်ကို လေးလေးနက်နက် ဦးညွှတ်လိုက်ကြသည်။

"နှစ်ဘက်ဘိုးဘွားမိဘတွေကို အရိုအသေပေးပါ!"

တစ်ဘက်ကို လှည့်လိုက်ချိန်တွင် လို့မူဟိုင်နှင့် ချင်းလင်၏ဦးလေးတစ်ယောက် ထိုင်နေသည်။ လို့မူဟိုင်၏မျက်နှာတွင် ပျော်ရွှင်မှုကို မမြင်ရသော်လည်း နောက်ဆုံးတွင် ဒီနေ့က သူ၏တစ်ဦးတည်းသောသား မင်္ဂလာဆောင်သောနေ့လည်းဖြစ်သည်။ သူက ချွေးမဖြစ်သူကို သဘောမကျပေမယ့် သူတို့ကို ခက်ခဲအောင် လုပ်မည်တော့ မဟုတ်ပေ။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now