အခန်း ၂၅ အော်ထျန်း၏ဘဝအတွေ့အကြုံ (အပိုင်း ၃)
ကျွော့ချင်းက မျက်ခုံးကို အနည်းငယ်ပင့်ကာ ညိုမည်းသော မျက်နှာဖြင့် ထိုင်နေသော စုလင်းကို ကြည့်လိုက်ပြီး နောက်ပြောင်ချင်နေသော လေသံဖြင့် မေးလိုက်သည်။ "စစ်သူကြီးစုရော မသွားဘူးလား"
သူမ၏ လေ့လာချက်အရ စုလင်းက ယွင့်ကို ချစ်မိပြီးနေပြီဖြစ်သည်။ ယွင်နှင့် အော်ထျန်းနှစ်ယောက်သား အကြိမ်ပေါင်းများစွာ အဝင်အထွက်လုပ်နေသည်ကို မြင်နေပြီး စုလင်း ဒေါသထွက်လိမ့်မည်ဟု သူမ ထင်နေခဲ့သော်လည်း သူက လျစ်လျူရှုထားဟန်ရှိသည်။
စုလင်းက သူ၏လင်းယုန်မျက်လုံးများကို အနည်းငယ် မော့လာပြီး စပ်စုချင်နေသော ကျွော့ချင်းကို စိုက်ကြည့်လိုက်ပြီးမှ မေက်မောက်မာမာ ပုံစံဖြင့် မတ်တပ်ထရပ်ကာ ရှန်ယုလန်ကို ပြောလိုက်သည်။ "တိုက်ခိုက်သူတွေက ဖောက်ခွဲမှုတွေ ဆက်လုပ်နေသေးတယ်၊ ငါ တည်းခိုဆောင်တွေကို သွားပြီး စစ်ဆေးကြည့်ဦးမယ်၊ တစ်ခုခု အကြောင်းထူးရင် ငါ့ကို အကြောင်းကြားလိုက်"
သူက ပြောပြီးတာနဲ့ ရှန်ယုလန်ရဲ့ အဖြေကို မစောင့်သလို ကျွော့ချင်းနှင့် လို့ရှီးယန်ကိုလည်း မကြည့်တော့ဘဲ အေးစက်စွာ ထွက်ခွာသွားသည်။
ကျွော့ချင်းက သူမ၏ပါးကို ကိုင်ကာ လက်ထောက်ထားရာမှ လို့ရှီးယန်ကို ကြည့်ရန် ခေါင်းကို လှည့်လိုက်ပြီး "ချင်းမော့က စုလင်းက စိတ်တိုလွယ်ပြီး ဒေါသကြီးတယ်လို့ ပြောတယ်၊ ဒါပေမယ့် အခုကြည့်တော့ အဲ့လို မထင်ရပါဘူး"
"အခြားတိုင်းပြည်တွေက စစ်သူကြီးတွေက စစ်သူကြီးစုကို ဘယ်လို ဖော်ပြတယ် ဆိုတာကို မင်း သိလား?" လို့ရှီးယန်က အပြုံးတစ်ဝက်ဖြင့် ပြန်မေးလိုက်သည်။
ကျွော့ချင်းက စူးစမ်းလိုသော အမူအရာအပြည့်ဖြင့် ခေါင်းခါလိုက်သည်။
လို့ရှီးယန်က သူ့၏ ပါးလွှာသော နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်အထိ ပြုံးလိုက်ပြီးမှ ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ "အေးစက်တဲ့နဲ့မျက်နှာနဲ့ စစ်နတ်ဘုးရား တဲ့"
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"