Chapter 21.2

489 49 0
                                    

အခန်း ၂၁ သူမက ငါ့အပိုင် (အပိုင်း ၂)

အော်ထျန်း၏ အရှိန်အဟုန်က အလွန်လျင်မြန်သည်။ထိုအရာက ချင်ကုန်းဟု တွေးကာ ကုယွင်က အံ့သြနေသည်။ သူက သူမခါးကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားပြီး သူမကို သယ်ဆောင်သွားနိုင်တာကြောင့် ကုယွင်က သူမပတ်ဝန်းကျင်မှ သစ်ပင်များက လျင်မြန်စွာ နောက်ပြန်ဆုတ်သွားပြီး လူကို မူးဝေစေလောက်အောင် မြန်ဆန်လွန်းသည်ဟု ခံစားလိုက်ရသည်။ တစ်ရှီးချန်၏လေးပုံတစ်ပုံခန့် ပြေးလွှားလာပြီးနောက် ထိုကဲ့သို့သော လှုပ်ရှားမှုမျိုးက သူမကို စိတ်မသက်မသာ ဖြစ်လာစေသည်။ သူမက အော်ထျန်း၏ အဝတ်စကို ဆုတ်ကိုင်လိုက်ပြီး "ကျွန်မကို အောက်ပြန်ချပေးတော့"

အော်ထျန်းက ဘာမှ ပြန်မပြောဘဲ သစ်ပင်ကြီးတစ်ပင်ရှေ့မှာ ရပ်လိုက်ပြီး ကုယွင်ကို ညင်သာစွာ အောက်ပြန်ချပေးလိုက်သည်။

ကုယွင်က သစ်ပင်၏ပင်စည်ကို ကိုင်ကာ သူမကို အေးစက်စွာ ကျောခိုင်းထားသော အော်ထျန်းကို ကြည့်ရင်း တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ စုလင်း၏နောက်ဆုံး ဓားချက်ကို ပြန်တွေးကြည့်လိုက်ရာ အကွာအဝေးတစ်ခုတွင် ရှိနေသော သူမတောင်မှ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်လာသောအပူဒဏ်ကို ခံစားခဲ့ရသည်။ တိုက်ရိုက်ရင်ဆိုင်ရသူအဖို့ တွေးစရာတောင် မလိုတော့ပေ။ ကုယွင်က စိတ်ထဲတွင် မသက်မသာဖြစ်လာသလို ခံစားလာရပြီး စိုးရိမ်တကြီးဖြင့် "ကျွန်မ ရှင့်လက်ကို ကြည့်ပါရစေ"

"ဒါက ဒဏ်ရာသေးသေးလေးတစ်ခုပါပဲ" ခပ်တိုးတိုးအသံက ဘာသိဘာသာ ငြင်းဆိုလိုက်ပြီး အော်ထျန်းက သူမကို ပြရန် မရည်ရွယ်ဘဲ အေးစက်စွာ ငြင်းဆန်နေဆဲဖြစ်သည်။

ကုယွင်က စိတ်မရှည်တော့ဘဲ သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အင်္ကျီလက်ကို အပေါ်သို့ ဆွဲတင်လိုက်သည်။ အော်ထျန်း၏ဖြူဖျော့နေပြီဖြစ်သော မျက်နှာတွင် နာကျင်မှု အရိပ်အယောင်များ မပြသော်လည်း သူ့နဖူးပေါ်မှ ချွေးအလွှာများက သူ အစွမ်းကုန် သည်းခံရန် ကြိုးစားနေသည်ဟူသောအချက်ကို ပြသနေသည်။

နာတယ်! အော်ထျန်းက ရုန်းကန်ချင်နေသေးပေမယ့် ကုယွင်က "မလှုပ်နဲ့" လို့ တိုးတိုးလေး ပြောလိုက်ပြီး သူ့လက်မှ နွေးထွေးသော အထိအတွေ့က အော်ထျန်းကို ခတ္တခဏ ထိတ်လန့်သွားစေခဲ့သည်။ ကုယွင်က သူ ကြောင်တောင်တောင် ဖြစ်နေတာကို အခွင့်ကောင်းယူပြီး သူ့ဒဏ်ရာကို စစ်ဆေးလိုက်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now