အခန်း ၂၈- အကြီးအကဲများ (အပိုင်း ၁)
အကယ်၍ အကြည့်ဖြင့် လူသတ်နိုင်လျှင် ကျွော့ချင်းက သူမ၏နောက်ကျောမှ ကုယွင်၏မျက်လုံးများက သူမကို အပိုင်းပိုင်း ပြတ်သွားစေနိုင်သည်ဟု ခန့်မှန်းလိုက်သည်။ သူမက စုလင်းကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။ "စစ်သူကြီးစု၊ ရှင် ရောက်လာတာ အချိန်ကောင်းပဲ။ သူ့(မ)ခန္ဓာကိုယ်မှာ ပြဿနာ ကြီးကြီးမားမား မရှိတော့ဘူး။ ရှင် သူ့(မ)ကို ခေါ်သွားလို့ရပြီ"
ထိုသို့ပြောပြီးနောက် ကျွော့ချင်းက သူမလက်က လှလှပပ ဝှေ့ယမ်းပြကာ တံခါးအပြင်သို့ ထွက်သွားပြီး အလွန်အကြင်နာတရား ပြည့်ဝနေပုံနှင့် သူတို့အတွက် တံခါးကိုတောင် ယဥ်ယဥ်ကျေးကျေး ပိတ်ပေးသွားသေးသည်။
ကုယွင်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ အဲ့အမျိုးသမီးလေးက ရူးနေပြီ၊ ချင်းက အချစ်မှာ ကျဆုံးပြီး လက်ထပ်လိုက်တာနဲ့ အဲ့အိမ်ထောင်ရေးက သူမရဲ့ဦးနှောက်ထဲက အသိဥာဏ်တွေကို ဖျက်ဆီးပစ်လိုက်ပြီ၊ နောက်ပြီး သူမက သူများကိုပါ သူမနဲ့အတူ ဆွဲခေါ်ချင်နေပြီး သူမနဲ့တူညီတဲ့ အခြေအနေရောက်အောင် ဦးနှောက်ဆေးချင်နေသေးတယ်။
စုလင်းက အတွင်းခန်းထဲသို့ ဝင်လိုက်သည်နှင့် ကုယွင်က ကုတင်ဘေးတွင် ထိုင်နေပြီး သူမမျက်နှာက အနည်းငယ်ဖျော့တော့နေသေးသည်ကို တွေ့လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူမက စိတ်အခြေအနေကောင်းနေပုံရတာကြောင့် စုလင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ အခြားသူတစ်ယောက်ကို သူ ဒီလောက်လွမ်းဆွတ်မိလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဖူးပါဘူး။ ပထမဆုံးအကြိမ်အဖြစ် ဒီသုံးရက်ကို တစ်ကမ္ဘာလောက်ကြာတယ်လို့ သူ ခံစားနေမိတယ်။ အားလပ်ချိန်တိုင်း ဒီမိန်းခလေးရဲ့အသွင်အပြင်က သူ့စိတ်ထဲပေါ်လာပြီး သူမ အကြောင်းကိုပဲ စဉ်းစားနေမိတယ်။ ပြီးတော့ သူမ အဆင်ပြေဖို့ပဲ ဆုတောင်းနေမိတယ်၊ အဲ့တာက သူနဲ့ လုံးဝ မရင်းနှီးတဲ့ ခံစားချက်ပါပဲ၊ အဲ့လို ခံစားရတာ ပထမဆုံးအကြိမ်ဆိုပေမယ့် အဲ့ခံစားချက်က သူ့ကို လုံးဝ အနိုင်ယူလိုက်ပြီ၊ သူ ကူကယ်ရာမဲ့သလို ခံစားနေရတယ် ဆိုပေမယ့်လည်း အဲ့ခံစားချက်ကို ပြန်တွန်းလှန်ဖို့ အင်အားလည်း မရှိပါဘူး။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"