Chapter 36.3

373 65 3
                                    

အခန်း ၃၆- စုလင်းက သူ့ဇနီးကို ကာကွယ်ပေးခြင်း (အပိုင်း ၃)

ချင်းမော့က လူတွေကို ကယ်တင်ပေးမယ်လို့ ပြောနေတာလား? သူမက ဘယ်လိုလုပ်ပြီး အဲ့တာကို လုပ်နိုင်မှာလဲ? ပထမတော့ ရှင်းယွဲ့နဥ်က ဧကရာဇ်မင်းမြတ်က ချင်းမော့ကို အပြစ်ပေးမယ်လို့ ကြားလိုက်ရတာကြောင့် တိတ်တဆိတ် ပျော်သွားခဲ့ပေမယ့် တရားစီရင်ရေးဌာနနဲ့ စုမိသားစုစစ်တပ်က သူမရဲ့ဗျူဟာကို လက်ခံရမယ်ဆိုရင် သူမရဲ့ဦးလေးကို ကယ်တင်နိုင်တော့မှာ မဟုတ်ပါဘူး။ ရှင်းယွဲ့နဥ်က "အရှင်မင်းကြီး၊ မဟုတ်ဘူး! အဲ့လို မဟုတ်ဘူး! ဧကရာဇ်မင်းမြတ်က ဘယ်လိုလုပ်ပြီး မိန်းကလေးတစ်ယောက်ရဲ့လှည့်ကွက်တွေကို ယုံနိုင်ရတာလဲ၊ ဧကရာဇ်မင်းမြတ်က ကျေးဇူးပြုပြီး နှစ်ခါပြန်စဉ်းစားပေးတော်မူပါ!"

တကယ်တော့ ယန်းဟုန်ထျန်း ဆုံးဖြတ်ချက်ပြီးပြီဆိုရင် ဧကရီအပါအဝင် ဘယ်သူမှ မပြောင်းလဲနိုင်တော့ပါဘူး။ ရှင်းယွဲ့နဥ်၏ အော်ဟစ်ပြောဆိုမှုက ယန်းဟုန်ထျန်းကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး သူ့၏မျက်နှာ အမူအရာ ဆိုးရွားမှုက ဖြည်းဖြည်းချင်း ပိုတိုးလာကာ သူ့မျက်နှာက မည်းမှောင်စပြုနေပြီ ဖြစ်သည်။ ကုယွင်က ဧကရီ၏ စိတ်ခံစားချက်များကို နားလည်ပေးနိုင်ပြီး သူမကိုယ်တိုင်ကလည်း လူများကို ကယ်တင်ရန် စိတ်အားထက်သန်နေသောကြောင့် သေသေချာချာ ရှင်းပြလိုက်သည်။ "ဧကရီမယ်မယ်၊ မယ်မယ်က ကျွန်မကို လွှဲပေးမယ်ဆိုရင်တောင် သူတို့က လူတွေကို ပြန်လွှတ်ပေးမှာ မဟုတ်ဘူး။ သူတို့က လူသတ်နည်းလမ်းတွေနဲ့ အကျွမ်းတဝင် ဖြစ်နေတာကို မယ်မယ်လည်း မြင်ပြီးပြီ မဟုတ်ဘူးလား? သူတို့က ဘယ်သူကိုမှ လွှတ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့က ကောင်းဟုန်ကျန့်ကို မသတ်ခဲ့ရင်တောင် တရားစီရင်ရေးဌာနက သူတို့ကို ဒီတိုင်း ပြန်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး၊ ကျွန်မကို သူတို့ဆီ လွှဲပေးလိုက်တာက မယ်မယ်ရဲ့ဆွေမျိုးတွေကို ပိုပြီး မြန်မြန်သေစေလိမ့်မယ်"

"ပါးစပ်ပိတ်ထား!" ယန်းဟုန်ထျန်း၏ မသိနားမလည်မှုများနှင့် စုလင်း၏ ချင်းမော့အပေါ် ကာကွယ်ပေးမှုများက ရှင်းယွဲ့နဥ်၏ဒေါသကို ပိုတိုးလာစေရန် လုံလောက်နေပြီ ဖြစ်သည်။ ဒီအချိန်မှာ ကုယွင်ပြောသမျှက သူမကို ဒေါသပိုထွက်စေမှာ အသေအချာပါပဲ။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now