အခန်း ၂၆ ကုယွင်၏စွန့်စားခန်း (အပိုင်း ၁)
"ရှင်းရှင်းလင်းလင်း ပြော!"
ကုယွင် မော့ကြည့်လိုက်ချိန်တွင် စုလင်း၏အရပ်ရှည်ရှည်ပုံရိပ်က တံခါးအပြင်ဘက်မှာ ပေါ်လာပြီး အလွန်အကျွံ ဒေါသထွက်နေသော မျက်နှာထားနှင့် သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့၏လင်းယုန်မျက်လုံးထဲက လူများကို အသက်ရှူကျပ်စေနိုင်သော လေပြင်းများ ထွက်လာနေသယောင်ရှိနေပြီး သူ့အသံက သိပ်မကျယ်ပေမယ့် သူ့ကိုယ်မှ စိမ့်ထွက်နေသော ပြင်းထန်သည့် ဖိနှိပ်ချုပ်ချယ်မှုကတော့ လျစ်လျူရှုရန် ခက်ခဲနေသည်။
ကုယွင်က "အော်ကျိက တောင်းဆိုချက်တစ်ခု လုပ်ထားတယ်။ ဒီည ဇီရှီမှာ အော်ထျန်းက ကျွန်မကို မသတ်ရင် သူ ယဲ့မိန်ကို သတ်လိမ့်မယ်"
ကုယွင် စကားဆုံးသည်နှင့် စာဖတ်ခန်းထဲမှ လူများအားလုံး အထူးသဖြင့် အော်ထျန်း အနီးနားရှိလူများက ရုတ်တရတ် တောင့်တင်းသွားကြသည်။ ယဲ့မိန်က သူ့ညီမအရင်းဖြစ်သောကြောင့် နောက်ဆုံးတွင် သူက ကုယွင်ကို တိုက်ခိုက်မည်မဟုတ်ကြောင်း အာမခံချက် မရှိပေ။
လူပေါင်းများစွာ၏ ဝန်းရံမှုကို ရင်ဆိုင်နေရသော အော်ထျန်း၏ မျက်နှာတွင် အေးစက်စက် အမူအရာတစ်ခု ထွက်ပေါ်လာသည်။ လူများစွာက ပို၍ပင် ထိတ်လန့်သွားကာ သူတို့လက်ထဲမှ လက်နက်များ အဆင်သင့်ကိုင်ဆောင်ထားပြီး ဖြစ်သည်။
စုလင်း၏ သန်မာတောင့်တင်းသော ခန္ဓာကိုယ်ကြီးက စာဖတ်ခန်းထဲသို့ အလျင်အမြန် ရောက်ရှိလာပြီး ကုယွင်၏ ရှေ့တွင် ရှေ့ကာ သူမကို အကာအကွယ်ပေးထားလိုက်သည်။ သူက အော်ထျန်း၏ လှုပ်ရှားမှုကို လျှို့ဝှက်စောင့်ကြည့်နေရင်း "သူ ဘယ်တုန်းက ပြောတာလဲ"
ကုယွင်က အနည်းငယ် ပင်ပန်းနေပုံရပြီး အသံတိုးတိုးဖြင့် "ဒီမနက်"
"ဒါကြောင့် မင်း ယဲ့မိန်ကို ရှာဖို့ အရမ်းစိတ်စောနေတာလား" စုလင်း၏အသံက အေးစက်နေသော်လည်း သူ့ဒေါသကို ခန့်မှန်းနိုင်ရန် မခက်ခဲပေ။ အော်ထျန်းက အန္တရာယ်ရှိမှန်း သိနေတာတောင် သူမက သူနဲ့အတူ လျှောက်သွားနေတာလား? သူမက သူ့ကို အရမ်း ယုံကြည်နေတာလား? ဒါမှမဟုတ် သူမက သူမရဲ့ဘဝကို အလေးအနက် မထားတာလား?
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"