Chapter 17(13/14)

596 52 0
                                    

အခန်း ၁၇ ထူးဆန်းသောဖြစ်ရပ် (အပိုင်း ၁၃)

ယင်ရှီအချိန်(မနက် ၃-၅နာရီ)...

စစ်သူကြီးအိမ်တော်...

မိုးလင်းခါနီးပြီ ဖြစ်သော်လည်း အခန်းအတွင်း သို့မဟုတ် အပြင်ဘက်တွင် မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ စစ်သူကြီးအိမ်တော်တစ်ခုလုံးက ပုံမှန်ထက်ပိုပြီး တိတ်ဆိတ်နေပုံရသည်။ ယနေ့ညတွင် လရောင်က ထူးထူးခြားခြား တောက်ပနေပြီး ထိုလရောင်က ဖွင့်ထားသည့်ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ တိုးဝင်နေကာ အခန်းကို လင်းလက်နေစေသည်။ ကျွော့ချင်းက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏မျက်လုံးများကို အနည်းငယ် မှေးထားပေမယ့် အခန်းတွင်းရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲဖြစ်သည်။

အဝေးမှရေက အနီးနားရှိမီးကို မကယ်တင်နိုင်မည်ကို(အဝေးကနေ ဘာမှ မလုပ်ပေးနိုင်မှာကို) စိုးရိမ်နေသဖြင့် လို့ရှီးယန်က အနက်ရောင်ဝတ်ဆင်ထားသော မော့ဘိုင်ကို အိမ်၏ထုပ်တန်းပေါ်တွင် အိပ်နေရန် စီစဉ်ပေးထားခဲ့သည်။ အော်ထျန်းက ကုတင်ကန့်လန့်ကာနှင့် ခုတင်ကြားရှိဗီရိုနောက်တွင် ပုန်းနေခဲ့သည်။ အိမ်အပြင်မှာ ယဲ့မိန်၊ ချမ်ကျင်းနှင့် တရားရေးရာဌာနမှ လူများရှိနေပြီး အခန်းအပြင်ဘက်ကနေ ချောင်းမြောင်း စောင့်ဆိုင်းနေကြသည်။ ကုယွင်က သူ့ကို တခြားအခန်းမှာ နေဖို့ တိုက်တွန်းခဲ့ပေမယ့် လို့ရှီးယန်က ကျွော့ချင်းရဲ့ လုံခြုံရေးအတွက် စိတ်ပူနေတာကြောင့် သူတို့နှစ်ယောက်က အတွင်းခန်းနဲ့ အဝေးဆုံးထောင့်တစ်နေရာမှာ ပုန်းခိုနေခဲ့ကြသည်။ ဒီကနေဆိုရင် သူတို့က ဖြစ်ပျက်နေတာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး အတွင်းခန်းက သူတို့ ဒီနေရာမှာ တိုးတိုးလေးပြောနေရင် အတွင်းခန်းက မကြားနိုင်လောက်ဘူးဟု ယူဆနိုင်သည်။

မိုးလင်းခါနီးပြီ! သူတို့ မှန်းဆတာ မှားသွားတာလား?? ဒါမှမဟုတ် လူသတ်သမားက စုမူဖုန်း မဟုတ်တာလား??

ကျွော့ချင်းနှင့် ကုယွင်တို့တွေးတောနေချိန်တွင် ပြတင်းပေါက်နားကနေ အရိပ်တစ်ခု ဖြတ်သွားပြီး လူရိပ်တစ်ခုပေါ်လာကာ ထိုလူ၏ ငွေမှင်ရောင်မျက်နှာဖုံးပါသော မီးခိုးရောင်ဝတ်စုံပါးပါးက လရောင်ကြောင့် ပိုပြီးရှည်လျားသယောင် ထင်နေရသည်။ သူက အသံရှူသံကိုတောင် မကြားရလောက်အောင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ အလျင်အမြန် ပေါ်လာတာကြောင့် မော့ဘိုင်နှင့် အော်ထျန်းတို့က ဝင်သက်ထွက်သက်ကို အပြင်းအထန် အောင့်ထားကြပြီး သူတို့၏အရှိန်အဝါကို လျင်မြန်စွာ ထိန်းချုပ်လိုက်ကြသည်။ ဤလူက ဆရာအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်မည်မှာ သေချာနေပြီး အကယ်၍ ထိုလူက သူ့တို့ရှိနေတာကို ရိပ်မိသွားပါက ယနေ့ညအတွက် ဖမ်းဆီးမှုက ကျဆုံးသွားမည်ဖြစ်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now