Chapter 21.3

776 73 1
                                    

အခန်း ၂၁ သူမက ငါ့အပိုင် (အပိုင်း ၃)

ကုယွင်က စစ်သူကြီးအိမ်တော်သို့ အမြန်ပြန်သွားကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူမကို မြင်လိုက်ချိန်တွင် တံခါးစောင့်တပ်သားလေးများက အံ့သြထိတ်လန့်သွားပြီး သူတို့၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်လာသည်။ ကုယွင်က အံ့အားသင့်သွားသည်။ စစ်သည်ငယ်လေးက တံတွေးမျိုချလိုက်ပြီး တုန်လှုပ်ချောက်ချားနေပုံဖြင့် သူမ ရှေ့သို့ တိုးလာပြီး အရိုအပေး နူတ််ဆက်လိုက်သည်။ ထိုနောက် သူက အသံတိုးတိုးဖြင့် "သခင်မလေး... မြန်မြန်ဝင်ပါ ဒါပေမယ့်... သတိထားရမယ်နော်!"

ဘာကို သတိထားရမှာလဲ? ကုယွင်က မနက်ခင်းတွင် စုလင်းရှေ့မှ တစ်စုံတစ်ဦး ပြန်ပေးဆွဲခံလိုက်ရသည့် အကျိုးသက်ရောက်မှုကို လုံးဝ မသိလိုက်သောကြောင့် အံ့ဩနေသည်။

ကုယွင်က စစ်သူကြီးအိမ်တော်ထဲသို့ ဝင်လာပြီး သူမ နေရာမှား ရောက်လာသလို ခံစားလိုက်ရသည်။ သာမာန်အားဖြင့် ကောင်းစွာစီစဉ်ထားသော ကင်းသမားများသည် ယခုအချိန်တွင် အိမ်ရှေ့ခြံဝင်းထဲတွင် စုစည်းနေပုံရသည်။ ပိုပြီးထူးဆန်းနေတာက သူတို့အားလုံးက ပျော်ရွှင်နေပုံရပြီဓ သူမ အတောင်ပံတွေပေါက်ပြီး ပျံထွက်သွားမှာကို ကြောက်နေသလိုမျိုး သူမကို ဝိုင်းအုံကြည့်နေကြတယ်။

"သခင်မလေး! သခင်မလေး... နောက်ဆုံးတော့ မင်း ပြန်‌ရောက်လာပြီ!"

"မြန်မြန်... မြန်မြန်သွားပြီး၊ စစ်သူကြီးကို သတင်းပို့လိုက်"

အခုအချိန်မှာ သူတို့က သခင်မလေးကို မျက်စိအောက်ကနေ အပျောက်ခံလို့ မဖြစ်ပါဘူး။ မနေ့က ယဲ့ထျန်းခြံဝင်းကို အစောင့်အကြပ်တာဝန်ကျတဲ့ စစ်သည်တွေက သခင်မလေးကို စောင့်မကြည့်နိုင်သောကြောင့် တောက်လောင်နေသော နေပူပူအောက်တွင် တစ်နေ့လုံးရပ်နေဖို့ အပြစ်ပေးခံခဲ့ရသည်။ ပြီးတော့ သူတို့အားလုံးနားမှာ ဖောက်ခွဲရေးပစ္စည်းတွေ စုပုံနေသလို ဖြစ်နေပြီး အနားကပ် သူမှန်သမျှ ကံဆိုးစေမယ့် အခြေအနေကို ရင်ဆိုင်နေရသည်။

"မင်းတို့ ဘာတွေ ဖြစ်နေတာလဲ" ကုယွင်က သူမကို ဆွဲရန် ရှေ့သို့ တိုးမလာဝံ့ဘဲ သူမဘေးနားတွင် လေမတိုးနိုင်လောက်အောင် ဝန်းရံထားသော စစ်သည်များကို ကြည့်ရင်း မအီမသာ ခံစားနေရသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now