Chapter 17(3/4)

771 79 0
                                    

အခန်း ၁၇ ထူးဆန်းသောဖြစ်ရပ် (အပိုင်း ၃)

စုယွိက ဒေါသထွက်လွန်းလို့ စားပွဲကို လှန်လုမတတ်ဖြစ်နေချိန်မှာပဲ အိမ်ရှေ့ခန်းမတွင် စုလင်း၏အရပ်ရှည်သော ပုံရိပ်ကြီး ပေါ်လာသည်။

"တာ့ကော" စုလင်းကို မြင်လိုက်တာကြောင့် စုယွိက သူ့ဒေါသကို ထိန်းပြီး မတ်တပ်ရပ်လိုက်သည်။ ဝိုင်နံ့သင်းသင်းတစ်ခု သူ့နှာခေါင်းထဲကို ဝင်လာတာကြောင့် စုယွိက မျက်မှောင်ကြုတ်ပြီး "တာ့ကော အရက်သောက်လာတာလား? ချင်းမော့က တာ့ကော နန်းတော်ထဲကို ဝင်သွားတယ်လို့ ပြောတယ်၊ ဧကရာဇ်မင်းမြတ်က ဘာပြောလဲလို့ မေးဖို့ ကျွန်တော် တွေးနေတာ"

စုလင်း၏မျက်လုံးများက မှေးမှိန်သွားကာ "သူ(မ) ပြန်ရောက်ပြီလား"

စုယွိက ခါးခါးသီးသီး ပြန်ဖြေလိုက်သည်။ "ပြန်လာပြီ၊ ပြန်လာတာနဲ့ တန်းအိပ်သွားတယ်"

အနားယူဖို့တော့ သိသေးတယ်ပေါ့။ စုလင်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး နာကျင်နေသော သူ့လည်ပင်းကို ပွတ်သပ်ကာ နောက်ပြန်လှည့်ပြီး အိမ်ရှေ့ခန်းမမှ ပြန်ထွက်သွားသည်။

စုယွိက "တာ့ကော၊ မစားရသေးဘဲနဲ့ ဘာကို သွားမလို့လဲ" ဒီစားပွဲပေါ်က ဟင်းပွဲတွေက ဘာလို့ ဒီလောက်တောင် မနှစ်သက်ကြရတာလဲ?!

"အိပ်မလို့" သူက ထိုစကားလုံးများကို အေးစက်စွာ ချန်ထားပြီး ထွက်သွားတော့သည်။

အိပ်ဦးမှာလား? စုယွိက အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

***

လေပြည်လေးက ညင်သာစွာ တိုက်ခတ်နေပြီး လမင်းကြီးကလည်း ရေကဲ့သို့ အေးမြနေစေသည်။ ရာစုနှစ်တစ်ခုစာ သက်တန်းရှိသော သဖန်းပင်ကြီး၏ သန်မာသော အကိုင်းအခက်များက ထီးကြီးသဖွယ်ဖြစ်နေကာ လှပသည့်လရောင်ကို ပိတ်ဆို့ထားသည်။ ကြည်လင်သော လရောင်အောက်မှ ထူထပ်သော သစ်ရွက်များကြားတွင် လရောင်ထက်ပိုမို တောက်ပသော ငွေရောင်အလင်းတန်းတစ်ခုက ညင်သာစွာ ရွေ့လျားနေပြီး မြင့်မားသော သစ်ကိုင်းများပေါ်တွင် မည်းမှောင်နေသောရုပ်ပုံသဏ္ဍာန်တစ်ခုက အိပ်ပျော်နေသကဲ့သို့ မျက်စိမှိတ်ထားပြီး လက်နှစ်ဖက်ကို ခေါင်းအုံးထားသည်။ ဒါတောင်မှ သူ့ကို လွယ်လွယ်နဲ့ ချဉ်းကပ်ဖို့ မဝံ့ရဲစေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်စေသည်။ သူက ပေါ့ပေါ့ပါးပါး လှဲလျောင်းနေပုံရပေမယ့် အပြစ်အနာအဆာ မရှိဘဲ ရှေ့တိုးရန်၊ တိုက်ခိုက်ရန်၊ ခုခံရန်၊ ဆုတ်ခွာရန် အဆင်သင့်ဖြစ်နေပုံရသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now