အခန်း ၂၈ အကြီးအကဲများ (အပိုင်း ၃)
ကုယွင် စိတ်ဝင်တစားကြည့်နေချိန်တွင် မုတ်ဆိတ်မွေးနှင့် ဦးလေး၏မျက်လုံးများက ကုယွင်ဆီသို့ အကြည့်ရောက်လာပြီး ဂရုစိုက်ပုံ မရသော အသံကျယ်ကျယ်ဖြင့် "ဒီရုပ်ဆိုးတဲ့ မိန်းကလေးက ဘယ်သူလဲ?"
ရုပ်ဆိုးတဲ့ မိန်းကလေး? ကုယွင်က မျက်ခုံးပင့်လိုက်သည်။ သူမက အနည်းငယ်မျှ မကျေမနပ် ဖြစ်သွားသော်လည်း လျစ်လျူရှုလိုက်သည်။ သူမ ပြန်ပြောလိုက်ရင် သူမက ရုပ်ဆိုးတယ်လို့ ဝန်ခံသလို ဖြစ်သွားမှာပေါ့။ ကုယွင်က ပေါ့ပေါ့ပါးပါး ပြုံးနေပြီး ဘာမှ မပြောတာကြောင့် မုတ်ဆိတ်မွေးနှင့်ဦးလေးက အနည်းငယ် စိတ်မရှည်တော့ဘဲ ကုယွင်ဆီသို့ လျှောက်သွားတော့သည်။
ဦးလေးယန်က ချင်းမော့ကို တစ်ခုခု လုပ်လိုက်ပြီး သူ့အစ်ကိုအကြီးဆုံးနှင့် ပြသနာတက်မည်ကို ကြောက်သွားသော စုရန်က အရာအားလုံး ချောချောမောမော ဖြစ်အောင် ဖြေရှင်းဖို့ အမြန်ပြေးသွားလိုက်သည်။
"သူ(မ)က..."
သူက ထိုစကားနှစ်လုံးကို ပြောလိုက်ပြီး သူမကို မည်သို့ မိတ်ဆက်ပေးရမှန်း မသိ ဖြစ်နေတော့သည်။ သူမက ဧကရာဇ်မင်းမြတ်က ချီးမြှင့်ထားတဲ့ လက်ဆောင်ပဏ္ဏာလို့ ပြောရမှာလား? အဲ့တာဆိုရင် ချင်းမော့က သူ့ကို အာဃာတထားပြီး ကလဲ့စားချေမှာပေါ့၊ အစ်ကိုအကြီးဆုံးရဲ့မိန်းမလို့ ပြောလိုက်ရင်တော့ သူ မြန်မြန် သေသွားမှာကို ကြောက်တယ်။
စုယန်က ကုယွင်အနားတွင် ရပ်လိုက်ပြီး "မိန်းကလေး၊ မင်း နာမည်ဘယ်လိုခေါ်လဲ?"
ကုယွင်က ယဉ်ယဉ်ကျေးကျေး မတ်တပ်ရပ်ပြီး "ချင်းမော့"ဟု ပြန်ဖြေလိုက်သည်။
"မင်းက ချင်းမော့လား?" စုယန်က သူ့ရင်ဘတ်လက်တောင် မရှိဘဲ ပိန်လွန်းသော ကောင်မလေးကို ကြည့်လိုက်သည်။ တစ်ချက် ထိလိုက်ရုံနဲ့ ကွဲသွားတော့မလို ပုံစံမျိုးဘဲ၊ စုယန်၏မျက်လုံးများမှ သိသိသာသာ အံ့သြနေသော အကြည့်များကြောင့် ကုယွင်ကလည်း အံ့သြနေသည်။ သူမနာမည်ကို ကြားရုံနဲ့ သူက ဘာကြောင့် အံ့သူနေမှန်း သူမ နားမလည်နိုင်ပါဘူး။ သို့သော် နောက်တစ်စက္ကန့်တွင် ထိုလူ၏လက်ကြီးများက သူမဆီ ဆန့်တန်းလာသည်။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
أدب تاريخي"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"