Chapter 36.1

360 55 1
                                    

အခန်း ၃၆- စုလင်းက သူ့ဇနီးကို ကာကွယ်ပေးခြင်း (အပိုင်း ၁)

နောက်အခိုက်အတန့်တွင် ကန့်လန့်ကာ ပွင့်သွားပြီး တဲအဝင်အဝ၌ အရပ်ရှည်သော အသွင်အပြင်တစ်ခု ပေါ်လာသည်။ ကုယွင်က လို့ရှီးယန်ရဲ့မိသားစုပြန်တွေ့ဆုံပွဲမှာ ယန်းဟုန်ထျန်းကို တွေ့ဖူးတယ်။ ဒီလူက နဂါးဝတ်ရုံကို မဝတ်ထားရင်တောင် စွဲမက်ဖွယ်ကောင်းနေသေးတယ်။ သူက မြင့်မားတဲ့ အနေအထားမှာ အချိန်အတော်ကြာအောင် ထိန်းကျောင်းပြုစုပျိုးထောင်ခံခဲ့ရတဲ့သူပဲ။ သူက အေးစက်ပြီး မာနကြီးသည့် မျက်လုံးများဖြင့် တဲအဝတွင် မတ်တပ်ရပ်နေပြီး လက်များကို နောက်ပစ်ထားကာ မထီမဲ့မြင်ပြုသောအကြည့်ကို ဖော်ပြထားကာ အဝတ်အစားက သူ့အတွက် အရေးမပါပေ။

ဆန့်ကျင်ဘက်အားဖြင့်၊ သူ့ဘေးနားမှ မလိုအပ်သော အဝတ်အစားများနှင့် အဆင်တန်ဆာများပါသော ၀တ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကို မည်သူမျှ လျစ်လျူမရှုနိုင်ပေ။ သူမက အသက်နှစ်ဆယ်နှင့်မတူအောင် အလွန်လှပနေပြီး သူမ၏အဝတ်အစားများက သူမဇိမ်ခံခန္ဓာကိုယ်မှ မြေပြင်ပေါ်သို့ တွဲလောင်းကျနေသည်။

"အရှင်မင်းမြတ်နဲ့ မိဖုရားကို နူတ်ဆက်ပါတယ်" အခန်းထဲမှ လူတိုင်းက သူ့တို့ကို နှုတ်ဆက်ဖို့ ဒူးတစ်ဝက်ထောက် ထိုင်လိုက်ကြသောကြောင့် ကုယွင်နှင့် ကျွော့ချင်းလည်း ဒူးတစ်ဝက် ထောက် ထိုင်လိုက်ကြရသည်။ သူမတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်နေကြပြီး နှစ်ယောက်စလုံး၏မျက်လုံးများထဲတွင် ရွံရှာနေသည့် အရိပ်အယောင်များ ရှိနေကြသည်။ သူမတို့က ခေါင်းကို တိတ်တဆိတ် ငုံ့ကာ အောက်နှုတ်ခမ်းထောင့်များကို ပင့်ထားရင်း ပြုံးဟန်ဆောင်နေလိုက်ကြသည်။

"ထလော့" အေးဆေးတည်ငြိမ်သော အမျိုးသားအသံက သူ့ပုံရိပ်နှင့် ဆင်တူနေပြီး လူများကို အဆုံးမရှိ ဖိနှိပ်ချုပ်ချယ်နေသည်ဟု ခံစားရစေသည်။

အားလုံးက မတ်တပ်ထရပ်လိုက်ကြသည်။ အခန်းထဲတွင် လူစုလူဝေးတစ်ခု ရှိနေပြီး အပြင်တွင် လှုပ်ရှားမှု မရှိတော့ပေ။ စုလင်းနဲ့ လို့ရှီးယန်တို့က အမျိုးသမီးတွေကို သူတို့နဲ့အတူ ခေါ်လာတယ်‌ပေါ့။ ထိုအရာကို မြင်လိုက်ရတာကြောင့် ရှင်းယွဲ့နဥ်က စိတ်မကြည်တော့ဘဲ မေးလိုက်သည်။ "ရှန်လူကြီးမင်း၊ မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ? မင်းက အခု လူတွေကို ကယ်တင်နေရမှာ မဟုတ်ဘူးလား?"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now